Tuesday, 23 December 2008
သင်ခန်းစာ ၁၃ ခု။
ကြောက်ရွှံ့ခြင်းပဲ ...။
“ဒီနေ့”ဆိုတာ ..
အလှပဆုံး .. နေ့တစ်နေ့ပဲ ...။
အလွယ်ကူဆုံး .. အရာကတော့ ..
သစ္စာမဲ့ခြင်းပဲ ...။
အကြီးဆုံး .. အမှားကတော့ ..
အလွယ်တကူ .. စွန့်ပစ်လိုက်ခြင်းပဲ ...။
ကိုယ့်ကိုယ်ကိုယ် .. အထင်ကြီးခြင်းဟာလည်း ..
ကြီးမားတဲ့ အမှားတစ်ခုပဲ ...။
အာရုံစူးစိုက်ဖို့ .. အခက်ဆုံးအရာကတော့ ..
အလုပ်ကိစ္စပဲဖြစ်ပါတယ် ...။
စိတ်ပျက်အားငယ်ခြင်းဟာ .. မိမိကိုယ် ဆိုးဆိုးဝါးဝါး ..
ချွတ်ခြုံကျစေပါတယ် ...။
ကလေးတွေဟာ ..
အကောင်းဆုံးသော ဆရာတွေပါပဲ ...။
ဘ၀မှာ .. မရှိမဖြစ်တဲ့ ..
လိုအပ်တာချက်ကတော့ .. အသိဥာဏ်ပါပဲ ...။
မနာလို ၀န်တိုမှုဟာ ..
ကြောက်စရာအကောင်းဆုံး .. စိတ်ဓါတ်ပါပဲ ...။
လူတိုင်းကို .. နားလည် ခွင့်လွှတ်ခြင်းဟာ ..
အကောင်းဆုံး လက်ဆောင်မွန်ဖြစ်တယ် ...။
လောကမှာ .. ဥာဏ်အလင်းနဲ့ အပြည့်စုံဆုံးကတော့ ..
ဘုရားသခင်ပါပဲ ...။
ကမ္ဘာလောကကြီးတစ်ခုလုံးကို ..
သာယာလှပစေတာကတော့ .. ချစ်ခြင်းမေတ္တာပဲပေါ့ ...။
Tuesday, 16 December 2008
မေမေ့အတွက် ဆန္ဒမွန် .. ။
ကတ္တီပါသားလို နူးညံ့လှပတဲ့ နေ့မျိုးတွေ .. ပိုင်ဆိုင်နိုင်ပါစေ ...
ခရမ်းရောင်သစ်ခွပန်းလေးလို ..
ကျက်သရေအပေါင်းနဲ့ .. ခညောင်းနိုင်ပါစေ ...
သိပ်လှပတဲ့ ခေါင်းလောင်းပန်းလေးလိုမျိုး .. မွှေးပျံ့နေနိုင်ပြီး ..
အပြာရောင်နဲ့ ခရမ်းရောင်ကိုပေါင်းစပ်ထားတဲ့ ..
အင်မတန်ကျက်သရေရှိတဲ့ သစ်ခွပန်းတွေလိုမျိုး ..
တောက်ပလှပတဲ့ နေ့ရက်တွေ ရရှိနိုင်ပါစေ ...
သစ်ရွက်လေးတွေ .. သစ်ကိုင်းတွေလိုမျိုး ..
အေးချမ်းမှုအရိပ်တွေကို .. အမြဲတမ်း ပေးစွမ်းနိုင်ပါစေ ...
စိမ်းလန်းစိုပြေနေတဲ့ ဂျုံခင်းတွေကြားထဲမှာ ..
လွတ်လပ်ပျော်ရွှင်စွာ လမ်းလျှောက်နိုင်ပါစေ ...
ချိုအေးတဲ့ စပျစ်သီး ...
ချိုမြိန်တဲ့ စပျစ်ဝိုင် ...
အရသာပြည့်စုံတဲ့ စပျစ်သီးခြောက်တွေ .. စားသုံးရင်းနဲ့ ...
စိတ်နှလုံးချမ်းမြေ့တဲ့ .. နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ ...
မေမေပိုင်ဆိုင်တဲ့ .. နေ့ရက်တွေမှန်သမျှမှာ ..
ခိုဖြူလေးတွေ ပျံသန်းနေပြီး ..
ငွေငန်းဖြူလေးတွေ ၀န်းရံနေစေချင်ပါတယ် ...
စိန်ပွင့် .. ဥဿဖျား .. သလင်းကျောက်တွေလိုမျိုး ..
ကြည်လင်တောက်ပတဲ့ .. နေ့ရက်တွေကို .. ဖြတ်သန်းနိုင်ပါစေ ...
ပန်းခရမ်းရောင် ခြုံပုတ်လေးတွေဆီက .. မွှေးပျံ့ရနံ့တွေနဲ့ အတူ
သိုးမွှေးလို .. ပိုးသားလိုမျိုး ..
ခင်းသန့်နူးညံ့တဲ့ .. အိပ်ရာထက်မှာ ..
နွေးနွေးထွေးထွေးနဲ့ .. အိပ်ပျော်နိုင်ပါစေ…..မေမေ..!
အဆုံးမရှိတဲ့ .. ကျတော့်မေတ္တာတွေကြောင့် ..
မနက်မိုးသောက် .. လင်းအာရုံတွေတိုင်းမှာ ..
သောက ကင်းဝေးစွာနဲ့ .. ပေါ့ပေါ့ပါးပါး
ဘ၀ကို ဖြတ်သန်းနိုင်စေဖို့ .. ကျနော် ဆန္ဒပြုပါတယ် ...
မေမေ့ အပေါ်မှာထားတဲ့ .. ကျတော့်မေတ္တာတွေဟာ
ဘယ်သောအခါမှ .. ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး ...
သစ်ရွက်သစ်ခက်လေးတွေနဲ့ ..
အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်တဲ့ .. သစ်ပင်ကြီးလိုမျိုး ..
အဆုံးအစမရှိတဲ့ .. ပင်လယ်ပင်ကြီးလိုမျိုး ..
အနားသတ်မဲ့နေတဲ့ ..ဟောဟိုက ..
ကောင်းကင်ပြင် ကျယ်ကျယ်ကြီးလိုမျိုးပေါ့ ... ။