Saturday, 9 October 2010

နောင်တစ်ချိန်မှာဖြူစင်စွားနဲ့  တို့ နှစ်ယောက်ပြန်............................

ရင်ထဲ မှာဘာမှပြောစရာတောင်မရှိတော့ပါလား.......ဒီသီချင်းလေးထဲ ကအတိုငး နောင်တစ်ချိန်မှာတို့ နှစ်ယောက်ဖြူစင်စွားပြန်တွေ့ ချင်တယ်

Thursday, 9 September 2010

ခံစားပြီး ။

မိုင်တွေဝေးပေမဲ့
အတွေးတွေ နဲ့ ဆက်သွယ်တဲ့အခါ
အနီးဆုံးမှာရှိတတ်တယ်...........

မတွေဖြစ်ပေမဲ့
မေ့လို့မရတဲ့အခါ
သတိတရ ရှိတတ်တယ်.............

ပြောပြလို့ မရပေမဲ့
မှတ်မှတ်ရရ တမ်းတလိုက်တဲ့အခါ
အိပ်မက်တွေဟာ လှပလာတယ်..........

တိုင်းတာလို့ မရပေမဲ့
ဆက်စပ်မှုတွေကို သတ်မှတ်ကြည်တဲ့အခါ
ဖြတ်လို့ မရတာသေချာတယ်.................

သံတိတ်ညည်းချင်း

                                                                                                                                                                                


































  သံတိတ်ညည်းချင်း



ရက်စက်မှုတွေက ငါဆီကို ဦးတည်လာတဲ့အခါ
ရှောင်ချိန်မရလိုက်ပါ။
ဂုဏ်မရှိ၊ငွေမပါ လူဗလာတစ်ယောက်မို့
ကြင်နာ လျက်နဲ့လမ်းခွဲ
စွန့်သွားပါတော့ အချစ်ရယ်



အနူးညံဆုံး နှလုံးသားမှာ
အမုန်းမပွားပဲ အပြုံးများနဲ့
ဝေးဝေးကပဲ ဆက်ချစ်နေမယ်..



ပြီးဆုံးခဲ့တာ မှန်ပေမယ့်
ထိရှလွယ်တဲ့ နှလုံးသားက
မေပစ်ဖို့ကို မစွမ်းနိုင်သေးဘူး



အချစ်ဆုံးသူ နှစ်ယောက်
အသဲတစ်ခြမ်းစီ မျှယူလို့
ကျန်တဲ့ သွေးတစက်နဲ့
အသက်ရှင် မိတဲ့ ငါ..
အရာရာ ရဲ့မီးတစ်စဖြစ်ခဲ့ရတယ်..။



ဒီလို..ဒီလိုနဲ့.........
ရှိရင်းစွဲ သံယောဇဉ်တွေ မတိမ်ကောနိုင်တဲ့ငါ
နောင်.သံသရာတလျှောက်မှာ..ဆုံတွေခဲ့ရင်
ဒီဘ၀လိုတော့..မဖြစ်ပါရစေနဲ့.............။

အိမ်လွမ်းသူ

မရပ်မနား ပြေးလွှား
နားခို စရာ ရှိရင်နားခို
ပြီးရင်ဆက်လျှောက်
ငါဟာ..သံသရာခရီးသည်ပဲ။

ငယ်ဘ၀ အိပ်မက်တွေကိုထုဆစ်ရင်း
ချစ်ခြင်းတရားနဲ့ အောင်မြင်မှုကို
ရှုးသွပ်စွာ ရှာဖွေရင်း
ငါ....လေလွင့်ငှက်တစ်ကောင်ပဲ။

သတိရတယ်၊သိပ်ချစ်တယ်
ဒီအကြောင်းတွေ အက်ကြောင်းထပ်လို့
ဒဏ်ရာတွေနဲ့ ပျော်မွေ့ရင်း
ငါ...အိမ်လွမ်းသူပေါ့။ ဖြတ်၊ညှပ်၊ကပ် ဘော်ဒါတွေကြား
အရောင်မှိန်ခံစားချက်တွေနဲ့
မီးအိမ်ရှင် မတွေ့သရွေ့
ငါ...လမ်းပျောက်နေသူပေါ့။

ကဲ...သတ်ပုံမမှားတဲ့ ကံကြမှာရေ
အိပ်ငွေ မချခံရတဲ့ လောကဓံတိုရှိနေသရွေ့
ငါ...မနက်ဖြန်တိုင်းအတွက်
ထာဝရ ရှင်သန်နေရအုံးမှာပါ........................။

စတော်ဘယ်ရီသီးလေးအကြောင်း

                                   စတော်ဘယ်ရီသီးလေးအကြောင်း ထိတွေ့ ခံစားမှု။

ဟိုးအရင်တုန်းက စတော်ဘယ်ရီပင် သုံးပင် ရှိသတဲ့။ သူတို့ဟာ အမျိုးအစားတူညီတဲ့ စတော်ဘယ်ရီပင်တွေ ဖြစ်ကြပေမယ့် သူတို့ရှင်သန်တဲ့ အခြေအနေကတော့ ကွာခြားပါတယ်။
ပထမ စတော်ဘယ်ရီပင်လေးရဲ့ ဘ၀က အလွန်ကို ရိုးရှင်းပါတယ်။ သူမဟာ ဥယျာဉ်တစ်ခုထဲမှာ တစ်ခြား သစ်သီးပင်၊ ဟင်းသီးဟင်းရွက်ပင်တွေနဲ့ အတူ ရှင်သန်ကြီးထွားလာပါတယ်။ တစ်နေ့မှာတော့ ဒီအပင်လေးဟာ လုံလောက်စွာ ကြီးပြင်းလာပီး သူမရဲ့အပင်က အသီးလေးတွေဟာ အနီရောင်တောက်တောက် အသီးလေးတွေအဖြစ် မှည့်ဝင်းလာပါတယ်။ လူစီလို့ ခေါ်တဲ့ ကောင်မလေးဟာ ဥယျာဉ်ထဲကို ခုန်ကျော်ဝင်ရောက်လာပီး သူမရဲ့ စကာအသေးလေးထဲမှာ စတော်ဘယ်ရီသီးတွေကို ခူးထည့်ပီး အိမ်ကိုယူသွားပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူမရဲ့ နေ့လည်စာ အဖြစ် ခရင်မ် အချို့နဲ့ ရောပီး အားပါးတရ စားပါတော့တယ်။ ပြီးနောက် အရသာရှိလိုက်တာ လို့ တစ်ယောက်တည်း စဉ်းစားနေပါတယ်။
သူမနေတဲ့ လမ်းရဲ့ အောက်ဘက်မှာတော့ ချာလီလို့ ခေါ်တဲ့ ကောင်လေး တစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ ကိုယ်ပိုင်ဥယျာဉ် မရှိပါဘူး။ ဒါပေမယ့် ဂျွန်လရဲ့ နေ့တစ်နေ့မှာတော့ သူဟာ ဆိုင်းဘုတ် တစ်ခုကို မြင်ခဲ့ပါတယ်။ ရေးထားတဲ့စာက ကိုယ်တိုင်ခူးပါ ဆိုပီးစာတမ်းကပ်ထားတဲ့ အနီးနား ယာခင်းက ဒုတိယ စတော်ဘယ်ရီသီးလေး နေထိုင်တဲ့ ဥယျာဉ်ဖြစ်ပါတယ်။ ဒါကြောင့် စနေနေ့မှာတော့ သူဟာ သူငယ်ချင်းတွေနဲ့ အတူ စက်ဘီးစီးပီး အဲ့ယာခင်းကို သွားရောက်ခဲ့ပါတယ်။ ပီးနောက် စတော်ဘယ်ရီးသီးများကို သူ့ရဲ့ သစ်သားခြင်းတောင်းငယ်လေးထဲမှာ ပြည့်လျှံတဲ့အထိ ခူးယူလာပါတယ်။ အိမ်ကိုရောက်တယ်ဆိုရင်ပဲ ခူးလာတဲ့ စတော်ဘယ်ရီသီးတွေဟာ စားလို့ ကုန်သွားပါပီ။

  တတိယတစ်ယောက်ကတော့  သူတို့လမ်းထဲက မစ်ရော်ဘင်ဆန် လို့ ခေါ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ စတော်ဘယ်ရီးသီးကို အင်မတန် ကြိုက်နှစ်သက်တဲ့အတွက် တစ်နှစ်လုံး စားပါတယ်။  အနီးအနားက ကုန်တိုက်ကို သူမဈေးဝယ်ထွက်တဲ့ အချိန်တိုင်း စတော်ဘယ်ရီးသီးကို ၀ယ်ပါတယ်။ ဒီနေ့မှာလည်း အရင်လိုပါပဲ။ သူမဟာ ကားပေါ်ကိုတက်ပီး ကုန်တိုက်ဆီသို့ မောင်းသွားပါတော့တယ်။ အခု တတိယမြောက် စတော်ဘယ်ရီသီးလေးကတော့ ပိုပီး ရှားပါးပါတယ်။ မစ်ရော်ဘင်ဆင်ဟာ အသီးတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းနဲ့ ဘယ်ကလာသလဲဆိုတာကို လိုက်ကြည့်ပါတယ်။ ဒါကတော့ မိုင်ပေါင်း ၉၅၈ မိုင်ကွာဝေးတဲ့ စပိန်နိုင်ငံက လာတာ။ စတော်ဘယ်ရီသီးတွေ အကုန်လုံးဟာ ပလတ်စတစ်ဗူးတွေထဲမှာ ထည့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အသီးတွေကို သယ်ဆောင်လာတဲ့ ခရီးတစ်လျှောက်မှာ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ရန် ဖြစ်ပါတယ်။
ကုန်တိုက်ကတော့ တကယ့်အကောင်းဆုံးအသီးတွေကိုပဲ ရောင်းချတာပါ။ သူတို့ဟာ စတော်ဘယ်ရီးကို အပင်ကနေ ခူးပီးတာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်ကို တင်ပီး ဗြိတိန်ကို အမြန်ဆုံး ပျံသန်းပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ တင်လာတဲ့အသီးတွေဟာ လေထုညစ်ငြမ်းမှုရဲ့ ဒဏ်ကိုလည်းခံရပါတယ်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် လို့ ခေါ်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေကြောင့် ဖြစ်ပါတယ်။ ဒီတစ်ခုတင်မဟုတ်ပါဘူး။ ယာခင်းကနေ လေဆိပ်ဆီကို ရောက်ဖို့ အသီးတွေဟာ ကြီးမားတဲ့ ထရပ်ကားကြီးနဲ့ လိုက်ပါရပါတယ်။ ပီးနောက် လေယာဉ်စီးပါတယ်။ လေယာဉ်ဆိုက်ရောက်တဲ့အခါမှာတော့ သူတို့ကို နောက်ထပ် ထရပ်ကားတစ်စီးနဲ့အတူ ကုန်လှောင်ရုံ ဆီသို့ သယ်ဆောင်သွားပါတယ်။ ဒီထရပ်ကားတွေဟာ အရမ်းကို အနံ့ဆိုးပီး ပတ်ဝန်းကျင်ကို ညစ်ငြမ်းစေပါတယ်။ ကုန်လှောင်ရုံကို ရောက်တဲ့အခါမှာတော့ သယ်ဆောင်လာတဲ့အသီးတွေထဲက အကောင်းဆုံး အသီးတွေကို ရွေးချယ်ပီး ပလတ်စတစ်ဗူးတွေထဲကို သေသေသပ်သပ် လှလှပပ ထည့်သွင်းပါတယ်။ ပီးတဲ့အခါမှာတော့ နောက်ဆုံးအဆင့်အနေနဲ့ လော်ရီကားတွေပေါ်ကို တင်ပီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကုန်တိုက်အသီးသီးကို ပို့ဆောင်ပါတယ်။ ဒါကြောင့် ဒီတတိယ စတော်ဘယ်ရီသီးလေးတွေဟာ ခရီးမိုင်ပေါင်းများစွာ ဖြစ်ကျော်လာရပါတယ်။
“အစားအသောက်မိုင်များ ဆိုတာက သူငယ်ချင်းစားမယ့်အစားအသောက်ဟာ သူငယ်ချင်းဆီကိုရောက်ဖို့ ဘယ်လောက်ဝေးဝေး ခရီးထွက်ခဲ့ရလဲ၊ သူဖြတ်ကျော်ခဲ့တဲ့ လမ်းခရီးက သူ့အပေါ်ကို ညစ်ငြမ်းမှုတွေ ဘယ်လောက်များများ သက်ရောက်စေခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ- လေယာဉ်ပျံတွေဟာ သင်္ဘောတွေထက်ကို ပိုပီး ညစ်ငြမ်းမှုဒဏ်ကို ခံရပါတယ်။”
စတော်ဘယ်ရီသီးလေးတွေဟာ ဈေးကွက်ဖြစ်တဲ့ ကုန်တိုက်တွေက သစ်သီးစင်ပေါ်ကို ရောက်တယ်ဆိုရင်ပဲ ၀ယ်သူတွေ လာကြပါတယ်။ အထူးသဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ လာရောက် ဈေးဝယ်ကြသူတွေ ဖြစ်ပါတယ်။ ၀ယ်သူတွေဟာ သစ်သီးလေးတွေ ဖြတ်ကျော်လာရ တဲ့ အံ့သြစရာကောင်းလှတဲ့ ခရီးရှည်ကြီး သို့ ညစ်ငြမ်းမှု ခရီးစဉ် ကိုလည်း စဉ်းစားတွေးခေါ်ခြင်းမရှိပဲနဲ့ ဆိုင်တွေဆီကို အလျင်အမြန် ရောက်လာကြပီး ၀ယ်သွားကြပါတယ်။ မစ်စ် ရော်ဘင်ဆန်လို လူမျိုးတွေအကုန်လုံး ဂရုစိုက်တာကတော့ သူတို့ ကြိုက်တဲ့အသီးကို တစ်နှစ်ပတ်လုံး စားနေရဖို့ သာ ဖြစ်ပါတယ်။
သူတို့ ဟာ ပြန်လည် ပြုပြင် အသုံးပြုလို့ မရတဲ့ ပလတ်စတစ်ဗူးတွေ အကြောင်းကိုလည်း အရေးမစိုက်ပါဘူး။ အမှိုက်ပုံးထဲသို့ အလွယ်တကူ လွှင့်ပစ်လိုက်ရုံပါပဲ။ တစ်ခြားတစ်ဘက်မှာတော့ လူစီနဲ့ ချာလီတို့ ဟာ စတော်ဘယ်ရီသီးကို နွေရာသီမှာပဲ ရရှိနိုင်တဲ့ အထူးစားသောက်ဖွယ်ရာတစ်ခု အနေနဲ့ ပျော်ရွှင်စွာ စားသုံးကြပါတယ်။ ဒီ့အပြင် သူတို့နေထိုင်တဲ့ နေရာ အနီးနားဝန်းကျင်ကနေ ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေပဲ ကိုယ်တိုင် ခူးစွတ် စားသုံးနိုင်ပါတယ်။
သူငယ်ချင်းသတိထားသင့်တဲ့ အကောင်းဆုံးအရာကတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သူတို့ရာသီချိန် ရောက်တဲ့အခါ၊ ခူးစွတ်ပီး စားသုံးနိုင်တဲ့ အသင့်အနေအထားမှာ ရောက်တဲ့အခါ တွေမျိုးမှာ ၀ယ်ပါ၊ ခူးစွတ်ပါ။ ဥပမာ- ဆောင်းရာသီမှာ စတော်ဘယ်ရီသီးကို စားဖို့ မရှာပါနှင့်။ ဆိုလိုတာက ကုန်တိုက်မှာရှိတဲ့ ဆောင်းရာသီ စတော်ဘယ်ရီသီးဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရာသီဥတု ပိုပူတဲ့ တိုင်းပြည်တစ်ခုကနေ ခရီးထွက်လာရခြင်း ဖြစ်တဲ့အတွက်ပါ။
THE YIPPITTEE! (FOR KIDS WHO ARE CRAZY ABOUT CONSERVATION!) ISSUE 2, DECEMBER 2009
FOOD GLORIOUS FOOD!
PUBLISHED BY YOUNG PEOPLE'S TRUSE FOR THE ENVIRONMENT...

မိတ်ဆွေ နေထိုင်ရာ ဒေသက သဘာဝပတ်ဝန်းကျင်ကို ကူညီပါ၊

မိတ်ဆွေရဲ့ အိမ်မှာ ဥယျာဉ်လေး တစ်ခုရှိတယ်ဆိုရင် ဒီဥယျာဉ်ကနေ တဆင့် အသေးစား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလေးကို ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးနေတဲ့ အပင်နဲ့ သတ္တ၀ါမျိုးစိပ်တွေကို ကူညီနိုင်ပါလိမ့်မယ်။
အဲ့လိုပဲ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ နေရာလွတ်တွေမှာလည်း ဒီလိုဥယျာဉ်မျိုး ဖန်တီးနိုင်ပါတယ်။ မိတ်ဆွေရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ကူညီဖို့ တိုက်တွန်းပါ။ ရေကန်လေး တစ်ကန် တူးပါ။ သေးငယ်တဲ့ ကန်လေးဖြစ်ရင်တောင်မှ ဖားတွေနဲ့ ပုစဉ်းလေးတွေကို ဆွဲဆောင် နိုင်ပါတယ်။ ဒီ့အပြင် ငှက်တွေနဲ့ တစ်ခြား နို့တိုက်သတ္တ၀ါတွေအသုံးပြု ဖို့ ရေကို ဖန်တီးပေးရာလည်းရောက်ပါတယ်။
၂) ပျိုးပင်ရောင်းတဲ့သူတွေဆီကနေ သဘာဝတောပန်း မျိုးစေ့ နဲ့ အပင်တွေကို ၀ယ်ယူပီး တောပန်းခင်းဖြစ်အောင် စိုက်ပျိုးပါ။ နည်းလမ်းမှန်ကန်စွာ စိုက်ပျိုးမယ်ဆိုရင် အရောင်အသွေးစုံလင်တဲ့ ပန်းခင်းလေးဟာ ငှက်တွေနဲ့ တစ်ခြား ပျားကဲ့သို့သော ပိုးမွှား တွေကို ဆွဲဆောင်နိုင်ပါတယ်။ အပြန်အလှန်အနေနဲ့ ပိုးမွှားတွေဟာ တစ်ခြားတိရိစ္တာန်တွေအတွက် အစာကို ထုတ်လုပ်ပေးနိုင်ပါတယ်။
တိရိစ္တာန်တွေမှာ သူတို့ အတွက် အရိပ်ခိုဖို့ နေရာ လိုအပ်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင် ဥယျာဉ်ဟာ တကယ့်ထူထပ်တဲ့ တောလိုမျိုး အရမ်းကြီးစရာမလိုပေမယ့် အရမ်းသပ်ရပ်နေတဲ့ ဥယျာဉ်ဟာလည်း သဘာဝတိရိစ္တာန်တွေကို မဆွဲဆောင်နိုင်ပါဘူး ။
၃) ငှက်ကလေးတွေကို အစာကျွေးရင် သူတို့ အသိုက်နားမှာ ချိတ်ဆွဲထားပေးပါ။ ငှက်အများစုဟာ သဘာဝ အစားအသောက်ကို လုံလောက်စွာ မရှာဖွေနိုင်ပါဘူး။ အထူးသဖြင့် ဆောင်းရာသီမှာ သစ်ပင်တွေ ပျက်စီးမှုဟာ သူတို့ရဲ့ သဘာဝ အသိုက်ဆောက်လုပ်တဲ့နေရာတွေကို ဖျက်စီးလိုက်သလိုပါပဲ။
၎) မိတ်ဆွေရဲ့ ဥယျာဉ်ဟာ လုံလုံလောက်လောက် ကြီးမယ်ဆိုရင် မြန်မာပြည် သဘာဝနဲ့ ကိုက်ညီတဲ့ အပင် တစ်မျိုး သို့ တစ်မျိုးထက်ပိုတဲ့  အပင်တွေကို စိုက်ပျိုးပါ။ ဥပမာ- မန်ကျဉ်းပင်၊ ပိတောက်ပင်၊ ကက္ကိုလ်ပင်။ သဘာဝနဲ့ လိုက်ဖက်တဲ့ အပင်တွေဟာ တိရိစ္တာန် မျိုးစိပ်အသစ် တွေကို ပိုမို ဆွဲဆောင်နိုင်ပါတယ်။
၅) နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အပင်စိုက်ပျိုးတဲ့နေရာမှာ သဘာဝအတိုင်း စိုက်ပျိုးပါ။ ဓါတု ပိုးမွှားဖြန်းဆေးတွေနဲ့ ဓါတု ဓါတ်မြေသြဇာ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ အဲ့ဒီ့ဆေးတွေဟာ တိရိစ္တာန်တွေကို အဆိပ်ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ငှက်တွေကို ဂေါ်ဖီထုပ်ကို ဖျက်စီးတဲ့ ပိုးတုံးလုံးတွေကို စားစေပီး၊ ဖြူကောင်လေးတွေနဲ့ ဖားပြုတ်တွေကတော့ဆလတ်ရွက်ကို ကြိုက်နှစ်သက်တဲ့ ပက်ကျိလေးတွေနဲ့ ခွဲဝေစားသုံးကြပီး  နဲ့  ကိုယ်ထည်အနီရောင်ပေါ်မှာ အနက်စက်လေးတွေပါရှိတဲ့ ပိုးတောင့်မာလေးတွေကတော့ နှင်းဆီပန်းကို ဖျက်စီးတဲ့ ချပိုးများကို ညစာအဖြစ် စားသုံးပါတယ်။

Friday, 27 August 2010

!!! ပြန်မဆုံဖြစ်ကြရင် !!!

လမ်းခွဲခြင်းကပူလောင်ခြင်းဆိုပေမဲ့  အမြဲတမ်းမင်းချစ်နေပါစေ
မရေရာမသေချာတဲ့ ဘ၀မှာတို့ နှစ်ယောက်မဆုံနိုင်တော့ တဲ့ အခါ......

Tuesday, 10 August 2010

အကန့်အသတ်မရှိ ခေါ်ဆိုနိုင်သော Nokia

Nokia ရဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ မိုဘိုင်းဖုန်းမှာ ဖုန်းကို ကြိုက်သလောက် ခေါ်ဆိုနိုင်ပါတယ် ...။ အရင်ကတော့ ခေါ်ဆိုကြိမ် အကန့်အသတ်နဲ့ ဖုန်းတွေကိုသာ beta test အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်...ဒါကြောင့် အမြန်ဆုံး Nokia က ဖုန်းအသစ်ကို သွားဝယ်ပြီး ကြိုက်သလောက်ခေါ်ဆိုကြပါ ... နောက်ပြီးတော့ ဖုန်းဘီလ်လဲ ဆောင်စရာမလိုဘူးနော် ...




ဖုန်းနဲ့ပတ်သတ်တဲ့ နောက်အချက်တွေကို သိချင်ရင် အောက်ကို scroll down လုပ်လိုက်ပါ...။!!
!
!
!
!
!
!
!
!
!
!
!
!
!
!
!
!

Saturday, 7 August 2010

လမ်းမကြီးရဲ့ ဘေး

ဒီသီချင်းလေးကိုသတိရလို ပြန်နားထောင် မိတော့ လွမ်းမိတယ်ချစ်သူရယ် 
မမေ့နိုင်တဲ့ နေလေး၁ရက်ကိုပေါ့နော်...ချစ်သူသိပါစေလို့ ဆုတောင်းရင်း.....

Sunday, 25 July 2010

မွေးရပ်မြေ ရဲ့ အကြောင်း

ကမ္ဘာအရပ်ရပ်က‘‘ရွှေ’’.....တံဆိပ် လော်စပီကာတွေ
ကူပါကယ်ပါ တကြော်တကြော် အော်နေရတဲ့
ကျတော့ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူလောင်းပါရစေ။

ဆရာဝန်တွေက ဆေးရောင်း၊
အင်ဂျင်နီယာတွေက ဈေးရောင်း၊
တော်သူတွေ အကုန် ဘေးဂျောင်း၊
လူငယ်တွေ အကုန် အတွေးစောင်း၊
ခွင်ရှာနိုင်မှ သူဋ္ဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓါးပြတွေ ဆို..
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့ ။

ညာဥ့်ငှက်မလေးတယောက်က
ဖောက်သည်မျှော်၊
မိန်းမတန်ဖိုးကိုရောင်းစားဖို့ စောင့်နေမယ်နော်..တဲ့
ဈေးသည်မလေးတယောက်က ၀ယ်သူမျှော်၊
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်၊
ခေတ်ကြီးကိုယ်က လည်သူဆော်။
ရှေ့နောက်မစဉ်းစားမိတဲ့ မောင်နှံ၊
ရှိသမျှပစ္စည်းတွေကို ပေါင်နှံ၊
မွေးလာမယ့်ကလေးက အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်းရောင်းစား၊
လူပွဲစားတွေက အချင်းချင်းရောင်းစား၊
လူတချို့ကလမ်းမတွေပေါ်မှာတောင်းစား၊
ကလေးငယ်တစ်ယောက်မျက်နှာငယ်လေးနဲ့ကျောင်းသွား၊
ပါရာဒိုတစီးက ဗွတ်တွေစင်အောင်မောင်းသွား၊
ငါတို့ငိုသံတွေကို
ိုအိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်၊
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့...
ဦးတည်ချက်ဆယ့်နှစ်ရပ်နဲ့ တိုင်းပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်တွေပါ၊
တပြည်လုံးလည်းနားညည်းနေပြီ အော်ဂလီဆန်ချင်စရာ။



ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်းဒီနေရာ
ဒီနှစ်လည်းဒီနေရာ
ရပ်နေလည်းဒီလောက်
ပြေးသွားလည်းဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကိုပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။

ဒီလိုနဲ့.....
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့အိပ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်းတ၀က်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း လာပြန်ပြီ၊
ကျန်တဲ့သက်တမ်းတ၀က်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။

‘‘ဆန်တပြည်ကို ၁၅၀၀ တောင်’’ အဲဒါ အဖွားညည်းတဲ့အသံ၊
‘‘မြန်မာပြည်ဟာ ဘယ်သူမှမနေချင်တော့တဲ့ အရပ်ဖြစ်သွားပြီ’’
အဲဒါ ခါးသီးတဲ့အမှန်။

ဒီကြားထဲ.....
နာဂစ်ကတချက်မွှေ့၊
ဧရာဝတီက လူတွေခမျာ အသက်စေ့၊
တချို့လူတွေကလည်း အကွက်ရွေှ့၊
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့၊
မြန်မာပြည်ကြီးကတော့...
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓါးပြတွေဆို၊
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်၊
တိုင်းပြည်တခုလုံး ပိုးကျနေလို့၊
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့........
................Forward mail......... မှပြန်လည်ဖော်ပြပါသည်။

Saturday, 17 July 2010

!!!!! အဝေးရောက်ချစ်သူ !!!!!

ဝေးနေလို့ ဆွေးရတာရယ်....
လွမ်းနေလို့ တမ်းတတာရယ်....
ပြန်လာမလား လို့ မျှော်ရတာရယ်....

ဒါပေမယ့် ငါမိုက်တာလို့ သူပြော....
ချစ်လားလို့ မေးတော့....
ပစ်ထားခဲ့တဲ့ မိန်းကလေးရေ....
အပြုံးတွေ နဲ့ အတူ....
အမုန်းဆိုတာတွေကိုဟော်ဒီရင်ဘတ်ကြီးနဲ့ ....
တစ်ဝကြီးခံ စားပြီး....
တစ်ဝကြီးပဲ လွမ်းနေတော့ မယ်....
ချစ်သူရယ်.....

လွမ်းခွဲ

အရာရာကိုခွင့် လွတ်နားလည်ပေးနိုင် တဲ့ ချစ်သူကိုသတိရတမ်းတလွမ်းဆွက်လျှက်!!!!!!!!

Friday, 16 July 2010

လွမ်းနေအုန်းမယ်

ဒီသီချင်းလေးနဲ့ အတူ ကျွန်တော် တစ်ချိန်က ခံ စားဘူးပါတယ်။ ကျွန်တော်ခံစားမှုတွေကိုတစ်ယောက်သောသူသိပါစေလို့ .....

အလွမ်းညချစ်ကဗျာ

ကောင်းကင်ပေါ်က၀ိုင်းဆက်နေတဲ့  လမင်းကြီးရှိတဲ့  အဲ့ လို့ လပြည့်  ညလေးမှာ တစ်ယောက်ထဲအထီးကျန်နေတဲ့ ကျွန်တော် လမင်းကြီးကိုကြည့် ပြီးငိုရင်းနဲ့ ပဲအိပ်ပျော်သွားခဲ့ ပါတယ်။
!!!!!တန်းတလွမ်းဆွက်လျှက်!!!!!

အ ပို ဆု

သူငယ်ချင်းတို ရေ
အ ပို ဆု လေးတောင်းပါ အုန်းလို့ 
ဆိုလာရင် ဘယ်လို ဆုမျိုးလေးတောင်းမလည်းသယ်ချင်းတို့ ရေ ။ သီချင်းလေးကိုနားထောင်အပြီးအောက်က comments လေးမှာရင်ထဲ ကအပိုဆုလေးတွေကို!!!!!!!!!!!!!!!

ပြန်တွေးကြည့် 

တစ်ယောက်သောသူအတွက်အမှတ်တရလေးပါ

လွယ်လွယ်ကလေး နဲ မချစ်နဲ့ 

ခံ စားကြည့် ပါနော် စိတ်ကူးသက်သက်ဖြစ်သာခံစားစေလို ပါသည် ။

သိပ်ချစ်လို ခေါင်းငုံ့  နေတာကို~~~~~

လိုက်ကာက ကျတော့မယ်လေ၊ မီးစာလည်းခမ်းလုပြီမေ၊
လူ့ ဘ၀ရဲ့ ပြဇာတ်တစ်ပုဒ်ကို၊ မမောမပန်းနဲ့ ကရတာတွေ၊
မွန်းကြပ်တဲ့နေ့ ရက်တွေမှာ၊ အချစ်ရှိတော့ အေးမြနိုင်မလား၊
အားကိုးပြီးမင်းအနားကိုလာတာပါ၊ မာယာတွေတော့မလုပ်လိုက်ပါနဲ့ ၊
အချစ်စစ်စစ်တွေ့ ပါရစေမေ၊ အရှုံးပေးပြီး စတေးခဲ့သမျှနဲ့ ၊
သိပ်ချစ်လို့ ခေါင်းငုံနေတာကို၊ အနိုင်ကျင့်ပြီးအားရနေသလား၊
ပေးဆပ်ရဲ့ ဖို့ သတ္တိလိုနေတာ၊ မင်းမသိလို့ လုပ်ရက်တာပါ၊
မျှတဖို့ နှလုံးသားချိန်ခွင်မှာ၊ ချိန်ကြည့်ပြီးဆုံးဖြတ်ပါကွာ၊
ကိုယ်နောက်ဆုံးပြောပြချင်တာ၊ ၀ဋ်ဆိုတာနောက်ဘ၀မကူးဘူး...

လိုက်ကာက ကျတော့မယ်လေ၊ မီးစာလည်းခမ်းလုပြီမေ၊
လူ့ ဘ၀ရဲ့ ပြဇာတ်တစ်ပုဒ်ကို၊ မမောမပန်းနဲ့ ကရတာတွေ၊
မွန်းကြပ်တဲ့နေ့ ရက်တွေမှာ၊ အချစ်ရှိတော့ အေးမြနိုင်မလား၊
အားကိုးပြီးမင်းအနားကိုလာတာပါ၊ မာယာတွေတော့မလုပ်လိုက်ပါနဲ့ ၊
အချစ်စစ်စစ်တွေ့ ပါရစေမေ၊

"အချစ်=အဆိပ်ပျားရည်"


ခင်မင်မှုနဲ့ စခဲ့ပေမယ့်
မဖြူစင်တဲ့ စိတ်မှာတော့
မင်းအတွက်
တိတ်တိတ်လေးကြိတ်ပြီး
မျှော်လင့်ချက် အများကြီးနဲ့
စိတ်ကူးအိပ်မက်တွေ ထားခဲ့သူပါ. . .။
ဒါတွေကို
မင်းသိအောင် မကြေငြာခင်မှာပဲ
ငါ့ရဲ့ မျှော်လင့်ချက်တွေကွဲအက်
အနာဂတ် အိပ်မက်တွေ
အထပ်ထပ် ပြိုလဲခဲ့ရတယ်. . .။
ဒါဟာ
ကံကြမ္မာရဲ့ လှည့်ကွက်တွေလား
ကြင်နာသူက ရက်စက်တာလားဆိုတာ
ရေရေရာရာ မသိပေမယ့်
သေချာတာက
အချစ်ဆိုတာ. . . .
ငါ့အတွက်တော့
ကြင်နာမလိုနဲ့ ရက်စက်
ချိုမြိန်မလိုနဲ့ ခါးသက်တဲ့
အဆိပ်ပျားရည်တစ်စက်ပါပဲ. . .။ ။

"ရင်ဆိုင်ရဲပြီ"

ချစ်မိရင် အရှုံးပဲလို့
သတ်မှတ်ထားတဲ့ ငါ့အတွက်
မင်းကို. . .
အသည်းစွဲအောင် ချစ်မိမှတော့
အသည်းကွဲမှာလည်း
ငါ မကြောက်တော့ပါဘူး. . .။
အဆုံးသတ်ကို မသိပေမယ့်
အရှုံးဘက်ကို တွေးထားသူမို့
ငါ့ကို. . .
ဟန်ဆောင်ပြီးပဲ ပြုံးပြုံး
မကြင်နာလို့ပဲ မုန်းမုန်း
မင်းနဲ့ ပက်သက်ရင်
အဆိုးဆုံးတွေကိုလဲ
ရင်ဆိုင်ရဲပါပြီ. . .။ ။

ကျွန်တောရဲ့ သူငယ်ချင်း ဇာခြည်ငယ်ရဲ့ ကဗျာလေးကို ခံ စားတင်ပြလိုက်ပါတယ် ။

သူငယ်ချင်းပွင့် လေးရေ ငါလွပ်တယ်နော်။ သူကိုအဲ့ လို ပွင့် လို ခေါ်တာလေးကိုသူကအမုန်းဆုံးတဲ့ ဗျာ ။ ကျွန်တောကလည်းပျော်တက်တဲ့ လူဆိုတော့  အဲ့ လို လေးပဲခေါ်ခေါ်မီနေတာပေါ့ နောက်မခေါ်တော့ ပါဘူးနော် ပွင့်  လို့  ဟီးဟီး။ ပွင့် ပွင့် ပွင့် 

Saturday, 10 July 2010

...လမ်းခွဲ...အလွမ်း....

မဝေးချင်ပေမယ့်

ဝေးကြရင် ပိုကောင်းမယ် ချစ်သူရယ်….

ချစ်သူမျက်နှာ အမြဲကြည့်ကာ

အတူနေချင်ပေမယ့်….

အရင်ဦးအောင် အကြည့်ရှောင်ပြီး

အရောင်ဆောင်မြိုင်တမ်း ဒီဇာတ်လမ်းက

တစ်ခန်းရပ်လို့ သွားချင်ပြီ….

ဝေးနေရရင် လွမ်းရင်ခွင်က နာကျင်မှူလေး

အေးစက်ကာ ဖြေသာလာမယ်ထင်ပါရဲ့ 

သွားပါရစေတော့ ချစ်သူရယ်…..


ချစ်ခွင့်မသာ အလွမ်းရင်မှာနာ လွန်းတာမို့ …

ကျွန်တော်ရင်မှာ တွယ်ငင်တိုးတိတ်

အချစ်စိတ်ကို.................

~~~~~ဆက်မရေးချင်တော့ လို ပါ~~~~~
ကျွန်တော်ဘာဆက်ရေးမယ်ဆိုတာလေးကို
သူငယ်ချင်းများ comments လေးမှာဝေဖန်ပေးစေချင်ပါတယ်
အားလုံးကိုခင်မင်လေးစားလျက်

{ မိုးတိမ်ဖြူ }

ကျွန်တော် ရဲ့  အိမ် အလွမ်း

အိမ်မှာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ရတဲ့
အင်တာနက်မရှိပေမယ့်
နှလုံးသားချင်း ဆက်ထားတဲ့
မိသားစုဝင်တွေရဲ့
နွေးထွေးမှုရှိတယ်။

အိမ်ပြန်လာရင်
အမေရေလို့
အော်ခေါ်ပြီး နမ်းရမယ့်
အမေ့ပါးပြင်ရှိတယ်
ပြန်လာပြီလား
မိုးချုပ်တယ်လို့
ဆူမယ့် အဖေရှိတယ်
ခုလို ..
ခြောက်ကပ်ကပ် အခန်းက
ငါ့ကို မထိတ်လန့်စေဘူး။


အိမ်ကိုပြန်ဖို့
ကားကျပ်ကျပ် မစီးရပေမယ့်
အနားမှာ
ကာကွယ်ပေးမယ့်
ချစ်သူရှိတယ်
မော့ကြည့်ရင်
အားပေးမယ့် သူ့အပြုံးရှိတယ်
ခုလို..
အပြုံးတွေက ခြောက်ကပ်မနေဘူး…။

ညနေခင်းတွေမှာ
လှမ်းလျှောက်ရင်း..
လက်ဖက်ရည်ဆိုင် ထိုင်ရင်း..
ဘဝအမောတွေအတွက်
ရင်ဖွင့်စရာ….
တိုင်ပင်စရာ..
ငယ်ပေါင်းတွေ ရှိတယ်..
ငြင်းခုန် ပျော်ရွှင်ခဲ့ကြတယ်..
လေအေးပေးစက် အစွမ်းနဲ့
အေးစက်စက် ဖြစ်နေတဲ့
ကော်ဖီဆိုင်က
ကော်ဖီလို ခါးသက်သက် မဟုတ်ဘူး။

ဝမ်းနည်းစရာ ကြုံလာတဲ့အခါ
ငိုရမယ့် နွေးထွေးတဲ့
ချစ်သူရင်ခွင်ရှိတယ်..
အားပေးတဲ့
စကားသံတွေရှိတယ်
ဘာတုန့်ပြန်မှုမှ
မပေးနိုင်တဲ့
ခေါင်းအုံးတွေလို
တိတ်ဆိတ်မနေဘူး။

မွန်းကျပ်လာရင်
ထမင်းပွဲမှာ ဟင်းလုပြီး..
တီဗွီ ချာနယ်လုရင်း…
တီဗွီဂိမ်းလုရင်း.....
သုံးဘီးစက်ဘီလေးကိုလုစီးရင်း...
ရှာကျန် ရန်ဖြစ်
ပြန်ချော့တတ်တဲ့
ည်ီလေးနှစ်ယောက်ရှိတယ် ( ညီလေးတစ်ယောက်ကတော့ မရှိတော့ ပါဘူး ကောင်းရာသုဂတိလားပါစေ။ )
ကွန်ပျူတာကို
ငေးကြောင်ကြောင်ကြည့်ရင်း
စားရတဲ့ ခြောက်ကပ်ကပ်
ညနေစာ မဟုတ်ဘူး.။

အိမ်ပြန်ချင်တယ်....
အိမ်ပြန်ချင်တယ်..........
အိမ်ပြန်ချင်တယ်...........လို့ ငါအော်တိုင်း ပြန်ပေါ့လို့အရင်းနှီးဆုံးသူငယ်ချင်းတွေကပြောလာရင် နူတ့်ဆွံပြီးကျွန်တော် မျက်ရည်ဝဲနေမိတယ်

Sunday, 4 July 2010

!!! အလွမ်းမိုက် !!!


ဟိုအဝေး တနေရာဆီကို သူသွား
အင်ချွန်းလေဆိပ်က စကားသံ
ဖုန်းထဲမှာ ပဲ့တင်ထပ်နေတယ် ~~~
စည်းမျဉ်း ဘောင်တွေကြားမှ
ခဏတာ လွတ်မြောက်လာ
အင်း.. ဝမ်းသာရမှာပေါ့ ~~~

မလွမ်းပါဘူး၊ ခပ်မိုက်မိုက်တွေး
ပြက္ခဒိန်ကို ခပ်ဆွေးဆွေးကြည့်ရင်း
သက်ပြင်းကို သာသာချ
ဖြေသူမရှိ နတ္ထိဆိုတာ
အသေအချာ သိပါလျှက်နဲ့ ဖုန်းဆက်မိတာ ~~~
အော် ငါ ငါ ~~~
မိုက်မဲတာလား ~~~
လွမ်းတာလား ~~~

{ မိုးတိမ်ဖြူ }

Saturday, 3 July 2010

အသည်းကွဲဖို့ တစ်မိနစ်အလို

ဘယ်တုန်းကမှ
မရည်ရွယ်ခဲ့ဖူးဘူးဆိုတာသာ
ငါ့ သစ္စာ တရား
ငါ့ သစ္စာ စကားပါ။

ဤစကားသစ္စာ
တရားမေတ္တာ၊ စစ်မှန်ပါက၊
ငါ ချစ်တဲ့ မာနခဲလေး
ငါ့ ရင်ခွင်..သို့၊ အပြေးဝင်
ငါ့ နွေရင်ပြင်၊ နန်းတော်ဆောက်,
ငါ.. ဒူးထောက်ဖို့ အရောက်လာ..၊
ငါ့ အနာကို .. သူ, ဆေးလိမ်း
ငါ့ အဆူးကို .. သူ, နုတ်ဖယ်
ငါ့ အပူကို .. သူ, ငြှိမ်းပေးအပြီး၊
အတွေးထက်ထက်၊ သွေးစက်`လက်’ နဲ့
အနှစ်တစ်ထောင်မက
အချစ်..,
`တောင်’ပမာဏကဲ့သို့၊ (ထာဝရ)
ခိုင်မတ်မြင့်မားပါစေသတည်း။

ချစ်သူ၏, အထင်လွဲခြင်းဘေးမှ
ကင်းဝေးရပါစေသတည်း။
ချစ်သူနှင့် ကွေကွင်းခြင်းဘေးမှ
ကင်းဝေးရပါစေသတည်း။

“ဥုံ - ဖွ
လွဲစေ..ဖယ်စေ..ငြိမ်းစေသား”၊
တို့...,
သူစိမ်းတွေလား.........

{ မိုးတိမ်ဖြူ }

!!!!! ချစ်ခြင်းအားဖြစ် !!!!!

အဝေးကလူတစ်ယောက်အကြောင်းကို
တွေးမိရင်ပုံမှန်အားဖြစ်သတိရတယ်လို့ ဆိုကြတယ်လေ
ပုံမှန်ထက်ပိုပြီးခဏခဏနဲ့ အမြဲသတိရနေမယ်ဆိုရင်!!!လွမ်းလို့ !!!ပေါ့နော်လွမ်းယုံတင်မကသေးပဲမြင်ချင်တွေချင်စိတ်တွေဒီထက်ပိုပြီးပြင်းထန်လာရင်လေ
ကောင်းကင်ပေါ်ကလမင်းကြီးကိုကြည့် ပြိးတော့ 
စကားတွေပြောနေတုန်းမှာ
အဲ့ လမင်းကြီးက(......) တို့နေထိုင်ရာအနောက်အရပ်ကိုတစ်ရွေ့ ရွေ့ နဲ့ သွားနေပါပြီ
လမင်းကြီးသယ်ဆောင်လာတဲ့စကားတွေကု
ိချစ်ခြင်းအားဖြစ်(......) ကြားနိုင်ပါစေ!!!!!
ချစ်ခြင်းအားဖြစ်

{ မိုးတိမ်ဖြူ }

အမိနိုင်ငံမှရှားပါမြင်ကွင်း


၇န်ကုန် orange supermarket အနီးအနားတွင် တည့်ရှိပါသည်


{ မိုးတိမ်ဖြူ }

မချစ်နိုင် ၊ မမုန်းနိုင်

တောင်တန်းများကိုလည်း မရွှေ့ ပြောင်းနိုင်

ပင်လယ်ကိုလဲ မကျော်လွှား နိုင်

လောင်းရိပ်မိစ အတိတ်မှာ

ငါ မဖူးနိုင် ၊ မပွင့်နိုင်

ဘယ်နေရာ ၊ဘယ်အချိန် ၊ဘယ်ခါဆိုတာမှာလည်း

ဝေ့လည် လာတဲ့  နှင်းတွေနဲ့ 

ငါမထွေးနိုင်၊ မအန်နိုင် ...........။

မရေရာဘူး သိပါတယ် ..........

မလိုပါဘူး ရှိပါစေ.......

ဆုံးပြီးမှ နောက်တဖန် တစ်ကပြန်စရတဲ့ အခါတွေ တိုင်း.........

ရေးခဲ့ ဘူး တဲ့  ကဗျာ အပိုင်းအစထဲမှာ

ငါ............မချစ်နိုင်..................မမုန်းနိုင်..........။

ဇာတ်သိမ်းပိုင်း(လူငယ်စိမ်းလေးရဲ့ အိပ်ရာဝင်ပုံပြင်ပေါင်း (၃၆၆) ပုံ ထဲမှ ဇာတ်လမ်း )

၂၅ ဖေဖော်ဝါရီ
ရွာကလေးမှာ။
အဲ့နေ့ ညနေပိုင်းမှာတော့ ရွာထဲက မိသားစုဝင်အကုန်ဟာ တစ်နေရာတည်းမှာ စုဝေးကြပီး သူတို့ရဲ့ ထူးခြားမှုတွေကို ပြန်ပြောကြပါတယ်။
“မနေ့က သကြားတွေ စင်ပေါ်မှာ တင်ထားတာ ဒီမနက်အထိ နည်းနည်းလေးမှ မလျော့ပဲ ကျန်နေတယ် လို့ အံ့သြစွာ ပြောဆိုပါတယ်။ ကျန်တစ်ယောက်ကလည်း ၀ိုင်တစ်ခရား တင်ထားတာ နတ်ဆိုးမိန်းမကြီးက သောက်မသွားဘူးလို့ ပြောပါတယ်။ နောက်တစ်ယောက်ကတော့ ကိတ်မုန့်တွေ ဖုတ်ထားတာ တစ်ခုမှ စားမသွားလို့ ကလေးတွေ ဗိုက်ပြည့်အောင် စားလိုက်ရတယ်လို့ ပြောပါတယ်။”
ရွာမှာ ရှိတဲ့ လူအသီးသီးဟာ သူတို့အိမ်က အစားအသောက်တွေ မပျောက်ဆုံးတဲ့ အတွက်ကြောင့် ငတ်မွတ်မှုဒဏ်က လွတ်မြောက်သွားကြောင်း ၀မ်းသာအားရ ပြောဆိုကြပီး အသီးသီး အိမ်ပြန်ကြပါတယ်။ အန္တရာယ်က လွတ်ကင်းသွားတဲ့အတွက် အရမ်းကို ၀မ်းသာနေကြပါတယ်။
ဒါတွေကို နားထောင်ပီးနောက်မှာတော့ မြို့ဝန်ရဲ့ဇနီးဟာ နတ်ဆိုးမကြီး ရှိတဲ့ ကျောက်ဆောင်တွေဆီကို ဂူထဲရောက်တဲ့ အထိ လိုက်ရှာခဲ့ပါတယ်။


၂၆ ဖေဖော်ဝါရီ
ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပေါ်ရာ ကျောက်ဂူ။

ငတ်မွတ်မှုကို ဖြစ်ပေါ်စေတဲ့ နတ်ဆိုးကြီးဟာ မီးဖိုဘေးမှာ ထိုင်ရင်း အပြာရောင်သန်းနေတဲ့ မီးတောက်တွေကို ကြည့်ရင်း ပန်းသီးတစ်လုံးကို တစ်ကျွတ်ကျွတ်မြည်အောင် ၀ါးစားနေပါတယ်။ သူ့ရှေ့က မြေပြင်ပေါ်မှာတော့ မီးတောက်က အလင်းအရှိန်နဲ့ဖြစ်ပေါ်လာတဲ့ အတိုအရှည်မညီတဲ့ အရိပ်တွေဟာ ကခုန်နေကြပါတယ်။
ဒါပေမယ့် မိန်းမကြီးကတော့ ဒီအံ့သြစရာကောင်းတဲ့ အကပညာနဲ့ သူမစားနေတဲ့ ပန်းသီးကိုပဲ စိတ်ဝင်စားပါတယ်။ သူမနောက်က ကျောက်ဂူနံရံပေါ်မှာတော့ ဟောင်းလောင်းပေါက်ဖြစ်ပေါ်နေတဲ့ နှလုံးသားပုံကို ရေးဆွဲ ထားပါတယ်။ အဲ့ထဲမှာတော့ ဆာလောင်နေကြတဲ့ အကျဉ်းသားသုံးယောက်ရှိပါတယ်။ မြို့ဝန်နဲ့ သူ့ကလေး နှစ်ယောက်ပါ။


၂၇ ဖေဖော်ဝါရီ
တုန်ခါသွားတဲ့ ကျောက်ဆောင်ကြီး။

ပန်းသီးစားရင်း မီးပုံဘေးမှာ ထိုင်နေတဲ့ ထူးဆန်းတဲ့မိန်းမအိုကြီးကို ကြည့်ပီးတော့ မဒမ်ဗာတယ်လ် ဟာ အသံကုန် အော်ဟစ်လိုက်ပါတယ်။ ဒီအော်သံကြောင့် ဖြစ်ပေါ်လာတဲ့ မြည်ဟိန်းသံဟာ ကျောက်ဆောင်တွေကိုတောင် တုန်ခါသွားစေပါတယ်။ သုံးရက်အတွင်းမှာ သုံးကြိမ်တိုင်တိုင် တံခါးပိတ်ထားတဲ့ မိန်းမကြီးကို စိတ်ကျေနပ်တဲ့အထိ သံကုန် အော်လိုက်ခြင်းဖြစ်ပါတယ်။ မိန်းမအိုကြီးကတော့ သူမအော်သံကို နားထောင်ပီးနောက် ဘာမှမခံစားရတဲ့ လေသံနဲ့ “ဒီအကျဉ်းသား သုံးယောက်ထဲက မင်းအချစ်ဆုံး တစ်ယောက်ကို ငါလွတ်လပ်ခွင့် ပေးမယ်” လို့ပြောလိုက်ပါတယ်။

ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းပိုင်း။

မြို့ဝန်ရဲ့ ဇနီးဟာ ဒီစကားကိုကြားပီးနောက် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ မစဉ်းစားတတ်တော့ပါဘူး။ နတ်ဆိုးမကြီးရဲ့ ဂူထဲမှာလည်း ကလေးနှစ်ယောက်နဲ့ လင်ယောက်ျားကို မြင်နေရပါတယ်။ သူမရဲ့ စိတ်နှလုံးဟာလည်း စိတ်လှုပ်ရှားမှုနဲ့ တုန်ခါနေပါတယ်။ မိသားစု သုံးယောက်ထဲက ဘယ်တစ်ယောက်ကို ရွေးချယ်ရမှန်းလည်း မသိတော့ပါဘူး။ အဆုံးမှာတော့ ဒီသုံးယောက်ရဲ့ကိုယ်စား သူမပဲ အဖမ်းခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲ့လို အဖြေပေးလိုက်ပီးတဲ့ အခါမှာတော့ ကောင်းကင်တစ်ခုလုံးဟာ မဲမှောင်သွားပါတယ်။ ဂူထဲက ပြာလဲ့လဲ့ အလင်းရောင်မှုန်ပြပြလေးသာ ကျန်ပါတော့တယ်။ သူမရဲ့ မေတ္တာဓါတ်ကြောင့် ကျိန်စာသင့်နေတဲ့ ကျောက်ဆောင်ကြီးဟာ နှစ်ခြမ်းကွဲ သွားပီး မိသားစုတွေအကုန်လုံးဟာ လွတ်မြောက်လာပါတော့တယ်။
ဒါပေမယ့် အပြင်ဘက်မှာတော့ နတ်ဆိုးမကြီးကို မတွေ့တော့ပဲ သူမစားပီး ကျန်ခဲ့တဲ့ ပန်းသီးအူတိုင်လေး ကိုသာ တွေ့ရပါတော့တယ်။ တစ်မိသားစုလုံး ပျော်ရွှင်စွာနဲ့ အိမ်ကို ပြန်လာကြပါတယ်။

အပိုင်း = နှစ် (လူငယ်စိမ်းလေးရဲ့ အိပ်ရာဝင်ပုံပြင်ပေါင်း (၃၆၆) ပုံ ထဲမှ ဇာတ်လမ်း )

၂၀ ဖေဖော်ဝါရီ
ဒုတိယမြောက်ည။

ညီမ အေမီလီကလည်း သူ့အစ်ကိုလိုပဲ တစ်ရွာလုံးကို ကယ်တင်ချင်ပါတယ်။ နောက်တစ်ခုကတော့ ဘယ်ကလာမှန်းမသိတဲ့ နတ်ဆိုးအိုကြီးနဲ့ သူ့အစ်ကို လက်ထပ်ရမှာကို မလိုလားပါဘူး။ သူ့အစ်ကို အစား သူမကိုယ်တိုင်ပဲ အစေခံသွားလုပ်ချင်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ ညနေမှာ အိမ်ကနေ တိတ်တဆိတ် ထွက်ခွာလာခဲ့ပါတယ်။





၂၁ ဖေဖော်ဝါရီ
ပျောက်ဆုံးနေတဲ့ ကြိမ်ခြင်း။

ကျောက်ဆောင်တွေဆီကို ရောက်ရှိသွားချိန်မှာတော့ နတ်ဆိုးအိုကြီးက သူမရဲ့ကြိမ်ခြင်း ပျောက်ဆုံးနေတာကို ရှာဖွေနေပါတယ်။ တစ်ဖြည်းဖြည်းနဲ့ မိုးကလည်း ချုပ်လာပီး မုန်တိုင်းကလည်း တိုက်ခါနီး နေပါပီ။ ဒါနဲ့ အေမီလီဟာ ကြိမ်ခြင်းကို ကူပီး ရှာဖွေပေးလိုက်တာ နောက်ဆုံးမှာ တွေ့ရှိသွားပါတယ်။ ဒါနဲ့ သူမက အဖေနဲ့ မိထွေးတို့ ကို အန္တရာယ် မပြုဖို့ နတ်ဆိုးကြီးဆီမှာ တောင်းဆိုခဲ့ပါတယ်။ မောင်နှမ နှစ်ဦးစလုံးဟာ နတ်ဆိုးကြီးရဲ့ အကျဉ်းသားဖြစ်နေပါပီ။





၂၂ ဖေဖော်ဝါရီ
ဒုတိယမြောက်နေ့။

အဲ့ဒီ့ညမှာတော့ နတ်ဆိုးကြီးရောက်တဲ့အချိန်ကစလို့ ပထမဦးဆုံး အကြိမ်အဖြစ် အစားအသောက်တွေ မပျောက်ဆုံးခဲ့ပါဘူး။ ဂျုံစေ့ တစ်စေ့တောင်မှ မလျော့ခဲ့ပါဘူး။ အိမ်တိုင်းမှာလည်း အရင်လို ၀၀လင်လင် ချက်ပြုတ် စားသောက်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာက မြို့ဝန်ရဲ့ သားသမီး နှစ်ယောက်လုံးက အဖမ်းခံထားရပါတယ်။ ဒါနဲ့ သူဟာ သားသမီးတွေကို ကယ်တင်ရန် အလို့ငှာ နတ်ဆိုးကြီးဆီ လိုက်သွားခဲ့ပါတယ်။


၂၃ ဖေဖော်ဝါရီ
ကျောပေါ်က မိန်းမအိုကြီး။

ကျောက်ဆောင်တွေကြားကိုရောက်လျှင် မြို့ဝန်ဟာ တစ်နေရာရာကို သွားချင်လို့ တွားသွားပီး အပြင်ထွက်ဖို့ လုပ်နေတဲ့ မိန်းမအိုကြီးကို တွေ့ပါတယ်။ “ခင်ဗျား ဘယ်သွားမလို့တုန်း” လို့ မြို့ဝန်က မေးလိုက်ပါတယ်။ “ငါ မြို့ကိုသွားမလို့ပါ ကြင်နာတတ်တဲ့ မြို့ဝန်မင်းရေ” လို့  မိန်းမအိုကြီးက ပြန်ဖြေလိုက်ပါတယ်။ မြို့ဝန်ဟာ ချက်ခြင်းပဲ သူမကို သူ့နောက်ကျောပေါ်ကို တက်စေပြီး သူမသွားချင်တဲ့နေရာကို ထမ်းခေါ်သွားပါတယ်။ ထို့နောက် နတ်ဆိုးမကြီး ထံမှာ သူ့ဇနီး ဘေးကင်းစေဖို့ တောင်းဆိုပြီး ကျောက်ဆောင်ပေါ်က အကျဉ်းစခန်းကို တက်သွားခဲ့ပါတယ်။

၂၄ ဖေဖော်ဝါရီ
အမှာစကားသုံးခု။

ပထမနေ့မှာ နတ်ဆိုးမကြီးဟာ မြို့ဝန်သားဆီက အမှာစကားတစ်ခု၊ ဒုတိယနေ့မှာ သမီး အေမီလီဆီက အမှာစကားတစ်ခု၊ သုံးရက်မြောက်နေ့မှာတော့ မြို့ဝန်ဆီက နောက်ဆုံးအမှာစကား တို့ကို ရရှိခဲ့ပါတယ်။ အဆုံးသတ်မှာတော့ မြို့ဝန်ရဲ့မိန်းမဟာ အိမ်မှာရှိတဲ့ မိသားစုဝင်တွေရဲ့မေတ္တာတရားကို နားလည်သွားခဲ့တယ်။ သူမက အိမ်က မိသားစုတွေကို ဂရုမစိုက်ပေမယ့် အိမ်ရှိလူတွေက သူမဘေးအန္တရာယ် ကင်းစေရန်အတွက် စိတ်ပူပီး နတ်ဆိုးဆီကို သူတို့အသက်ကို အပ်နှင်းခဲ့တယ်။ ဒါကြောင့် သူတို့ဘ၀တွေဟာ သံယောဇဉ်ကြိုးတစ်ချောင်းတည်းနဲ့ ဆက်သွယ်ထားသလို ဖြစ်နေတာကြောင့် သူမဟာလည်း ကျောက်ဆောင်တွေဆီကို လိုက်သွားခဲ့ပါတယ်။

အပိုင်း = တစ် (လူငယ်စိမ်းလေးရဲ့ အိပ်ရာဝင်ပုံပြင်ပေါင်း (၃၆၆) ပုံ ထဲမှ ဇာတ်လမ်း အပိုင်းအစတစ်ခု ဖြစ်ပါသည်။ ပြင်သစ်ဘာသာမှ ပြန်ဆိုပါသည်။)

13 February
Une Belle Histoire
လှပတဲ့ ရာဇ၀င်လေးတစ်ခု

တစ်ခါတုန်းက မြို့ကြီး တစ်ခုမှာ ဗာတယ်လ် လို့ ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့တယ်။ မြို့သူမြို့သားတွေက သူ့ကို မြို့တော်ဝန် အဖြစ်နဲ့ ရွေးကောက်ထားကြပါတယ်။ သူဟာ ရဲရင့် သတ္တိရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာက ဒီလို လူတွေ အပေါ်မှာလည်း ရက်စက်တတ်ပါတယ်။
တစ်နေ့မှာ သူ့မိန်းမက လှပချောမောတဲ့ အမြွှာကလေး နှစ်ယောက်ကို သူ့အတွက် မွေးဖွားပေးခဲ့တယ်။ မွေးပီးနောက်မှာတော့ ကလေးတွေအမေဟာ ဆုံးပါးသွားခဲ့တယ်။ ဒီကလေး နှစ်ယောက်ဟာ အကျင့်စာရိတ္တ၊ အမူအရာ အကုန်လုံးတူရုံမက မျက်နှာကလည်း တစ်ပုံစံတည်းပါပဲ။ အေမီလီ နဲ့ ရေရုံး လို့ ခေါ်ပါတယ်။ အမေက ဆုံးသွားပီ ဖြစ်တဲ့အတွက် ကလေးတွေဟာ စောင့်ရှောက်မယ့်သူ မရှိပဲ မြို့ဝန်ကလည်း အလုပ်များလို့ မစောင့်ရှောက်နိုင်ပါဘူး။ ဒါနဲ့ သူဟာ အိမ်ထောင်သစ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဖေဖော်ဝါရီ ၁၄
မိထွေး
မြို့ဝန်ရဲ့ ဇနီးအသစ်လေး မဒမ် ဗာတယ်လ်ကလည်း သူဟာ ဒီကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့အတွက် အလုပ်တွေအရမ်းများပြီး သူ့ကိုယ်ပိုင်အချိန်တောင် မရှိတော့ဘူးလို့ ညည်းငြူပြောဆိုပါတယ်။ တစ်ခြားလူတွေကတော့ သူမဟာ လိုတာထက်ကို ပိုပြောနေတယ်ဆိုတာ သိပေမယ့် အပြင်မှာ မပြောရဲကြပါဘူး။ ကလေးတွေဘက်ကလည်း မိထွေးက သူတို့ အပေါ်မှာ မကြင်နာတဲ့အတွက် အင်မတန် ၀မ်းနည်း စိတ်ညစ်ကြရပါတယ်။ ဒါပေမယ့်လည်း သူတို့ အတွက်တော့ ဒီလို အဖြစ်မျိုးက ထုံးစံလိုဖြစ်နေပါတယ်။


၁၅ ဖေဖော်ဝါရီ
ကြီးမားတဲ့ ကံမကောင်းမှု။
အရွယ်ရောက်လာပီဖြစ်တဲ့ အေမီလီလေးဟာ သူမရဲ့ ဖူးစာဘက်ကို ရှာဖွေ တွေ့ရှိနေပါပီ။ မြို့ဝန်ကလည်း သူ့ရဲ့သမီးအတွက် ပျော်ရွှင် အံ့သြဖွယ်ကောင်းတဲ့ မင်္ဂလာပွဲကို စီစဉ်နေပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ပွဲမစခင် တစ်ရက်အလိုမှာ ကျိန်စာ တစ်ခု မြို့ပေါ်ကိုကျရောက်လာပါတယ်။ ဖြစ်ပုံက မိုးကောင်ကင်ကြီး တစ်ခုလုံးဟာ မဲမှောင်လာပီး မိုးသက်မုန်တိုင်း ကျရောက်လာပါတယ်။ မုန်တိုင်းက ပြင်းထန်တဲ့အတွက်ကြောင့် သစ်ပင်တွေ အကုန်လုံးဟာ လဲပြိုကုန်ပီး လေနဲ့ အတူ သစ်ပင်တွေဟာ လွင့်ပါကုန်ပါတယ်။ ပီးတဲ့အခါမှာတော့ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ကောင်းကင်မှာ ပေါ်လာခဲ့ပီး ကမ်းခြေနားက ကျောက်ဆောင်တွေကြားထဲကို ဘယ်ကမှန်းမသိတဲ့ မိန်းမအိုကြီး တစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။


9:04 PM ၁၆ ဖေဖော်ဝါရီ
ငတ်မွတ်မှု
ဒီမိန်းမအိုကြီးဟာ မှော်ဆရာတစ်ယောက်ဖြစ်နိုင်သလို နတ်ဆိုးတစ်ပါးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒါဟာ ငတ်မွတ်မှုလို့ အမည်ရှိတဲ့ နတ်ဆိုးဖြစ်တယ်ဆိုတာ သိလာခဲ့တယ်။ ဒီနတ်ဆိုးမကြီးဟာ ရွာထဲမှာ သိုလှောင်ထားတဲ့ ဂျုံ၊ သကြား၊ ပေါင်မုန့်၊ ရွှေချီမှုန့်၊ ကြက်ဥ၊ ဗိုလ်စားပဲ၊ ပဲတောင့်ရှည် နဲ့ သစ်သီးမျိုးစုံ အစရှိသည်တို့ ကို ညက်ညက်ကြေအောင် ၀ါးစားပစ်ပါတယ်။ ဘီယာနဲ့ဝိုင် အစရှိတယ့် သောက်စရာတွေကိုလည်း ကုန်အောင်သောက်ပစ်ပါတယ်။ ဒီလို ညတိုင်း သောက်စားပစ်တဲ့ အတွက်ကြောင့် ရက်အနည်းငယ်ကြာတဲ့အခါမှာ သူတို့ ရွာ တစ်ရွာလုံးဟာ အစာရေစာ ငတ်ပြတ်ပီး အငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။


၁၇ ဖေဖော်ဝါရီ
ငွေညှစ်ခြင်း။
ဒီလို တစ်ရွာလုံး ဒုက္ခရောက်ကြရတဲ့အတွက် မြို့ဝန်မင်းဟာ သူ့အသက်ကို အလေးမထားပဲ သက်စွန့်ဆံဖျား ကျောက်ဆောင်တွေကြားထဲကို သွားရောက်ပီး နတ်ဆိုးမကြီးကို တွေ့ဆုံခဲ့ပါတယ်။ သူတို့ မြို့ကို ဆက်လက်ပီး ဒုက္ခမပေးဖို့ တောင်းပန်ခဲ့တယ်။ သူတို့ ဘက်က ဘာတွေလုပ်ပေးရမလဲ ဆိုတာလဲ မေးမြန်းခဲ့တယ်။ နတ်ဆိုးကြီးက ငှက်ဆိုးထိုးသံလိုမျိုး လှောင်ပြောင် ရယ်မောပီးတော့ သူအလိုရှိတာကို တောင်းဆိုခဲ့တယ်။ မင်းရဲ့ကလေးတွေထဲက တစ်ယောက်ကို ပေးမယ်ဆိုရင် ငါ ဒီရွာကနေ ထွက်သွားမယ်လို့ ပြောခဲ့တယ်။ သမီးမိန်းကလေးဆိုရင် အခိုင်းအစေတစ်ယောက်လို ငါ့ကိုပြုစုရမယ်။ သားဆိုရင်တော့ လင်ယောင်္ကျားတစ်ယောက်လို ငါ့ကို ပြုစုရမယ် လို့ ပြောလိုက်ပါတယ်။ နတ်ဆိုးကြီး ပြောသမျှကို နားထောင်ပီးတော့ မြို့ဝန်မင်းဟာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တော့ မိထွေးက နားထောင်ပီးတဲ့အခါမှာ အေးဆေးစွာနဲ့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ မြို့ဝန်ရဲ့သမီး အေမီလီဟာ မကြာခင်မှာ လက်ထပ်တော့မှာ ဖြစ်တဲ့အတွက် နတ်ဆိုးကြီး ထည့်ပေးလိုက်လည်း ဘာမှမထူးပါဘူးလို့ ပြောပါတယ်။ နတ်ဆိုးမှာ သနားတတ်တဲ့စိတ် မရှိတဲ့အတွက် အေမီလီကို ထည့်ပေးသင့်ကြောင်း ပြောလိုက်ပါတယ်။ မစဉ်းစားပဲနဲ့ ပေးလိုက်ပါလို့ ပြောပါတယ်။



၁၈ ဖေဖော်ဝါရီ
ပထမဦးဆုံးည။


ရေရုန်းကတော့ အင်မတန် စိတ်ဆင်းရဲ နေပါတယ်။ သူ့ညီမလေးကို ဒုက္ခမရောက်စေချင်ပါဘူး။ ဒါကြောင့် ညီမလေးနဲ့ ရွာကို ကယ်တင်ရန် အတွက် သူပဲ နတ်ဆိုးမကြီးဆီ သွားနေရန် ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ကိုယ်ထဲမှာ အဖေမြို့ဝန်မင်းရဲ့ သွေးတွေ စီးဆင်းနေလို့ သူဟာလည်း ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံပါတယ်။ ဒီနတ်ဆိုးကြီးကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာလည်း စဉ်းစားရဦးမှာပါ။ ညရောက်တဲ့အခါမှာ ဘယ်တစ်ဦးတစ်ယောက်ကိုမှ မသိစေ မမြင်စေပဲ တိတ်တဆိတ် အိမ်က ထွက်ခွာလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉
လှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးအိုကြီး။

ကျောက်ဆောင်တန်းတွေဘက်မှာ နေတဲ့ လှည့်စားတတ်တဲ့ မိန်းမအိုကြီးဆီကို ရောက်ရှိခဲ့ပါတယ်။ စူးရှရှ လေချွန်သံ တစ်ချက် ထွက်ပေါ်လာပီး မုန်တိုင်း စတင် တိုက်ခတ်လာပါတယ်။ ရေရုန်းဟာ ဘာကိုမှ စောင့်မနေတော့ပဲ မိန်းမအိုကြီးနဲ့ အတူ ကျောက်ဆောင်လမ်းကြားထဲအထိ ရောက်အောင် အဖေါ်လုပ်ပီး လိုက်သွားခဲ့ပါတယ်။ ပီးတော့မှ သူရောက်လာပီ ဖြစ်တဲ့အတွက် ကျန်တဲ့ မိသားစုဝင်တွေကို အန္တရာယ်မပြုရန် ကတိတောင်းခဲ့ပါတယ်။

နားလည်ပေးပါ ။

သူငယ်ချင်း ကမေးတယ် မင်း ဘာလို့ သူ့ ကိုထားခဲ့ တာလဲ တဲ့  ............... ငါ့ ကို သူ က ပြောတယ် ” မင်းက အရူးထောင်ပို့ ရလောက်အောင်လဲ မရူးဘူး တဲ့  ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီး ၀တ်လောက်အောင်လဲ မမြင့်မြတ်ဘူး တဲ့ ...... အဲဒါနဲ့ ငါ လဲ ဒီလို ပဲ နေမယ်ဆုံးဖြတ်ခဲ့ တယ် .... ဘာလို့ လဲ ဆိုတော့ ငါ တွေးချင်သလို တွေးခွင့်ရှိတယ် ... ငါ တွက် အေးချမ်းတဲ့ တရား ဓမ္မ တွေ နဲ့  ပျော်မွေ့ ခွင့် ရှိလာတယ်...... မင်းက သူ ကို သေချာ မရှင်း ပြခဲ့ ဘူး လား တဲ့  သူငယ်ချင်းက မေးတယ်....ဟင့်အင် မရှင်းပြခဲ့ ဘူး .... ငါ သူ့ ကို ပုံပြင်လေး တပုဒ် ပြောပြပြီး ထားခ့ဲ့ လိုက်တယ်...။ တစ်ခါတုန်းက ကြောင် နဲ့ ဘဲမလေးဟာ ချစ်သူ ဖြစ်ကျသတဲ့  ..ဘဲမလေးက သူ့ ချစ်သူကြောင်လေးဘယ်သွားသွား နောက်ကတစ်ကောက်ကောက်လိုက်နေ တာပဲတဲ့ ။ တစ်နေ့  ရေကန်တကန်အနားကိုရောက်သွားတဲ့  အခါ ဘဲမလေးက ရေကန်ထဲ ခုန်ဆင်းပြီး ကူးခတ်လိုက်တယ်။ ကြောင်က ကမ်းပေါ်က နေ အော် အချစ်ရယ်ချက်ချင်း ပြန်တက်ခဲ့ ပါ ။ ရေနစ်လိမ့်မယ်... တဲ့  အဲဒီအခါ ဘဲမလေးက ပြန်ပြောတယ်.. စိတ်မပူပါနဲ့  မောင်... တဲ့ ဒါဟာ ကျွန်မ တွက်အကောင်းဆုံး နေရာဆိုတာကို ကျွန်မ ဘ၀ရဲ့ နေရာမှန်ဆို တာကို ကျွန်မ သိသွားပါပြီင်္ ကျွန်မ ဒီမှာပဲ တသက်လုံး နေသွားတော့မယ်။ ရေကန်ဆိုတာ ဘယ်သူအတွက်ဆိုတာ သူ့ ချစ်သူ ကြောင်လေးက တော့ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး...။

ဘာသာပြန် အပိုင်း = သုံး


ဇန်န၀ါရီ ၅ ရက်။
နှစ်သစ်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်။

အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲကျဆင်းနေပါတယ်။ အဖေက သတင်းစာဖတ်ချင် နေပေမယ့် သတင်းစာက ပျောက်ဆုံးနေပါတယ်။ အမေကတော့ လမ်းထွက်လျှောက်ချင်နေပေမယ့် အပြင်မှာ နှင်းထုက သိပ်သည်း လာပါတယ်။ နောက်ဆုံးမှာတော့ အဖေက တီဗီ ထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပီး အမေကတော့ နွေးထွေးတဲ့ အိမ်ထဲမှာပဲ အိမ်သန့်ရှင်းရေး လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမေဟာ အိမ်ရှင်မကောင်းပီပီ သားလေးရဲ့ အခန်းကို ရှင်းလင်းပေးရန် ဖုန်စုပ်စက်ကို ယူပီး ၀င်သွားပါတယ်။ ပီးနောက် အခန်းဝက စပြီး ဖုန်စုပ်ရင်း အခန်းထဲကို ၀င်လာတာပါတယ်။ ဒါကို မြင်တဲ့အခါမှာ မာတီယာဟာ အင်မတန် ထိတ်လန့်ပီး ထအော်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အူတိုင်ငယ်လေး စက်ထဲပါသွားမှာစိုးလို့ပါ။ ဒါနဲ့ အမေက အံ့အားသင့်စွာနဲ့ စက်ကို ရပ်လိုက်ပါတယ်။ မာတီယာလေးက ခပ်တည်တည်နဲ့ ကျတော် လူကြီးဖြစ်နေပီမို့ အခန်းသန့်ရှင်းရေးကို ကိုယ့်ဟာကိုယ် လုပ်ပါမယ် လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အူတိုင်ငယ်လေးဟာ ဖုန်စုပ်စက်ကြီးရဲ့ အန္ဒရာယ်ကနေ လွတ်မြောက်သွားပါတယ်။

ဇန်န၀ါရီ ၆ ရက်။
လေဟာပြင်။

ရာသီဥတု အေးလာပီ ဖြစ်တဲ့အတွက် အူတိုင်ငယ်လေးကို အပြင်ခေါ်သွားလို့ ရပါပီ။ မာတီယာလေးဟာ နွေးထွေးတဲ့ အ၀တ်အစားများကို ၀တ်ဆင်လိုက်ပါတယ်။ ၀က်ဝံလေးကလည်း လိုက်ချင်တာကြောင့် အူတိုင်ငယ်လေးက သူ့ဆွယ်တာကို တက်ဒီဝက်ဝံလေးကို ငှားလိုက်ပါတယ်။ မာတီယာလေးကတော့ အရမ်းအေးမှာကို စိုးရိမ်နေပါတယ်။ အူတိုင်ငယ်လေးက မင်း အအေးမိမှာစိုးလို့လားလို့ ၀က်ဝံလေးကို မေးလိုက်ပါတယ်။ ဒါနဲ့ ၀က်ဝံတွေ အအေးမိတယ်လို့ မင်းကြားဖူးလားလို့  ပြန်ပြောလိုက်ပါတယ်။ ဒါဆိုရင်လည်း ငါတို့နဲ့ လိုက်ခဲ့လို့ရတယ်လို့ မာတီယာက ဆုံးဖြတ်ပေးလိုက်ပါတယ်။ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ အပြင်က လေဟာပြင်ကျယ်ကြီးဟာ သူတို့ကို အေးစက်ခြင်းနဲ့ ကြိုဆိုလိုက်ပါတယ်။
သူတို့ သုံးဦးဟာ လေထက် ပိုမြန်အောင် ပျံသန်းသွားကြပါတယ်။ ပထမဦးဆုံး လေညွှန်တံ တပ်ဆင်ထားတဲ့ ဘုရားကျောင်း တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ လေက သူအသာစီးရအောင် အစွမ်းကုန်တိုက်ခတ်နေတဲ့အတွက်ကြောင့် ဘုရားကျောင်းက နာရီစင်က နာရီလက်တံလေးဟာ မရွေ့နိုင်ရှာပါဘူး။ အင်အားကြီးမားတဲ့ လေက အမြဲနိုင်နေကျဆိုတာ သူက ကြိုသိနေတယ်။ အမှန်တော့ ပြိုင်ပွဲတိုင်းမှာ လေက သူ့ထက်အားနည်းတဲ့ ပြိုင်ဘက်တွေကို ရွေးချယ်ပီး လေညွှန်တံဆီကို ခေါ်ဆောင်လာပါတယ်။ ဒါကြောင့် နာရီလက်တံလေးဟာ သူတို့ ပြိုင်ပွဲ အတွင်းမှာ ၀င်မပါတော့ပဲ နောက်ထပ်ရောက်လာတဲ့ ပြိုင်ပွဲဝင် သုံးဦးကို စောင့်မျှော်နေပါတယ်။


8:56 PM

ဘာသာပြန် အပိုင်း = နှစ်

ဇန်န၀ါရီ နှစ်ရက်နေ့။
မိုးလင်းလို့ အိပ်ယာက နိုးလာပီးနောက်မှာတော့ ထူးဆန်းတဲ့ အသံလေးတစ်သံကို ကြားလိုက်ပါတယ်။ ဒီနေ့ဟာ “နှစ်သစ်တစ်ရက်နေ့လား” လို့ မေးလိုက်တဲ့ အသံလေးတစ်ခုက သူ့အိပ်ရာအောက်က ထွက်ပေါ်လာပါတယ်။ ရုတ်တရက်မို့ မာတီယာကို လန့်သွားစေပါတယ်။ ဒါပေမယ့် မနေ့က သူစားထားတဲ့ ပန်းသီးကို သတိရတာကြောင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။ ကျတော်က ဒီမှာပါလို့ အသံသေးသေးလေးတစ်ခုက ပြောလိုက်ပါတယ်။ ထို့နောက် ကျတော်က ပန်းသီးအူတိုင်ငယ်လေးပါ။ ကျတော်မနေ့က တစ်ညလုံး မအိပ်ရသေးပါဘူး။ အဲ့စကားသံတွေနဲ့အတူ သူဟာ မာတီယာလေးရဲ့ ကုတင်ပေါ်ကို ခုန်တက်လိုက်ပီး ခေါင်းပေါ်အထိရောက်အောင် စောင်ကို ဆွဲခြုံလိုက်ပါတယ်။ မာတီယာလေး ဘာမှမပြောခင်မှာပဲ ကောင်းသောညပါလို့ နှုတ်ဆက်ပီး ဟောက်သံတိုးတိုးလေးနဲ့အတူ အိပ်ပျော်သွားပါတယ်။

ဇန်န၀ါရီ သုံးရက်(ကတိတစ်ခု)။
မာတီယာလေးဟာ မွေးကတည်းက ဒီအချိန်ထိ တစ်ယောက်တည်း အထီးကျန် နေထိုင်လာခဲ့ရခြင်း ဖြစ်ပါတယ်။ ကစားဖော်ဆိုလို့ အစ်ကိုလည်းမရှိ၊ အစ်မလည်းမရှိ၊ နောက်ဆုံး ခွေးလေး ကြောင်လေး လိပ်ကလေးတောင်မှ မရှိပါဘူး။ မိဘနှစ်ဦးကလည်း အလုပ်များနေတာကြောင့် သူ့ကို အဖော်မပြုပေးနိုင်ပါဘူး။ ဒါကြောင့် သူဟာ အဖော်မဲ့ပြီး အင်မတန် ပျင်းရိ ငြီးငွေ့နေပါတယ်။ ခုတော့ ကစားဖော်အဖြစ် အူတိုင်ငယ်လေး ရောက်ရှိလာတဲ့အတွက် ၀မ်းသာနေပီး ဒီပန်းသီးအူတိုင်အမှိုက်လေးကို သူရောက်ရှိသင့်တဲ့ အမှိုက်ပုံးထဲကို ဘယ်တော့မှ လွှင့်မပစ်ပါဘူးလို့ ကတိပေးလိုက်ပါတယ်။ အူတိုင်ငယ်လေးနဲ့အတူ ကြီးမားတဲ့ စွန့်စားခန်းတွေ လုပ်ဖို့ လည်း မျှော်လင့်ထားပါတယ်။

ဇန်န၀ါရီ လေးရက်နေ့။
မာတီယာရဲ့အမေဟာ အင်မတန် သန့်ရှင်းပါတယ်။ အိမ်သန့်ရှင်းရေးအတွက် မနက်တိုင်း ဖုန်စုပ်ပါတယ်။ တနင်္ဂနွေတိုင်း ဖုန်သုတ်လေ့ရှိပီး လကုန်တဲ့အခါမှာတော့ ပြတင်းပေါက်မှန်တွေကို သန့်ရှင်းအောင် ဖုန်သုတ်လေ့ရှိပါတယ်။ ဒါကြောင့် သူမဟာ ဖုန်စုပ်စက်ကို မကြာ မကြာ အသုံးပြုပါတယ်။ ဒီနေ့မှာလည်း အရင်အတိုင်း မာတီယာ့ အခန်းထဲကို ၀င်ရောက်ပီး သန့်ရှင်းရေးလုပ်ပါတယ်။ ဖုန်စုပ်စက်ရဲ့ သဘောကတော့ လမ်းကြောင်းပေါ်မှာရှိတဲ့ အမှိုက်သရိုက် အားလုံးကို ၀ါးမြိုရှင်းလင်းပစ်လိုက်ပါတယ်။
မာတီယာလေး ငယ်တုန်းကလည်း ဒီအသံမြည်တဲ့ စက်ကြီးက သူ့ကိုစားပစ်လိုက်မှာ အရမ်းကြောက်လန့်ခဲ့ပါတယ်။ အခုတော့ ဒီစက်ကြီးဟာ အမှိုက်တွေ စာရွက်စာတမ်းတွေ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ ပိုနှစ်သက်ကြောင်း သိလာခဲ့ရပါတယ်။ မကြာသေးခင်က တိုက်ခန်းရဲ့သော့တွေတောင် စက်ထဲကို ပါသွားခဲ့ပါသေးတယ်။ မာတီယာမေ့နေတာ တစ်ခုက ပန်းသီးတွေကိုလည်း မြိုချပစ်နိုင်ပါတယ်။

ဘာသာပြန် အပိုင်း= တစ်

ဇန်န၀ါရီလ တစ်ရက်နေ့။

နှစ်သစ်ကို ကူးပြောင်းတဲ့ ပထမဦးဆုံးနေ့ ဖြစ်တဲ့ ဇန်န၀ါရီ တစ်ရက်နေ့ ဖြစ်ပါတယ်။ မာတီရာလေး ကျောင်းစတက်ရမယ့် နှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အင်မတန် စိတ်လှုပ်ရှားနေပါတယ်။
အခုမှ ကျောင်းစတက်ရမယ့် ကလေးတစ်ယောက် ဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးတိုင်း သူ့အမေက ပျော်ရွှင်စရာ ညလေး ဖြစ်ပါစေလို့ ဆန္ဒပြုပေးလေ့ ရှိပါတယ်။
ဒီညမှာလည်း အရင်လို အမေဟာ မာတီယာလေးရဲ့ ကုတင်စွန်းမှာ ၀င်ထိုင်လိုက်ပီးတော့ အရသာရှိပုံရတဲ့ ပန်းသီးလေး တစ်လုံးကို သူ့ခေါင်းအုံးပေါ်မှာ တင်ထားလိုက်ပါတယ်။ ပန်းသီးစားရင်းနဲ့ ပုံနားထောင်နိုင်ရန် ဖြစ်ပါသည်။ ပုံပြင်ပြီးဆုံးတဲ့အခါမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်မှာ အသစ်အဆန်းတွေ အများကြီးနဲ့ တွေ့ကြုံပါစေလို့ ဆုတောင်းပေးရင်း နဖူးလေးကို နမ်းလိုက်ပါတယ်။ အဲ့ဒီ့နောက်တော့ အခန်းမီးကို ပိတ်ပေးပီး ထွက်ခွာသွားပါတယ်။ အမှောင်ထု လွှမ်းခြုံသွားတဲ့ အခန်းထဲမှာ မာတီယာလေးဟာ လက်ထဲက စားလို့ကျန်တဲ့ ပန်းသီး အူတိုင်လေးကို ဘယ်ကိုလွှင့်ပစ်ရမလဲဆိုတာ စဉ်းစားနေပါတယ်။ အမှိုက်ပုံးကလည်း နီးနီးနားနားမှာ မရှိတဲ့အတွက်ကြောင့် ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ ညကလည်း မှောင်သထက်မှောင်လာပါတယ်။ နောက်ဆုံးမှာတော့ ဒီအူတိုင်ငယ်လေးကို သူ့ကုတင်အောက်မှာ ပစ်ထားလိုက်ပီး အိပ်ပျော်သွားပါတော့တယ်။