Thursday, 9 September 2010

စတော်ဘယ်ရီသီးလေးအကြောင်း

                                   စတော်ဘယ်ရီသီးလေးအကြောင်း ထိတွေ့ ခံစားမှု။

ဟိုးအရင်တုန်းက စတော်ဘယ်ရီပင် သုံးပင် ရှိသတဲ့။ သူတို့ဟာ အမျိုးအစားတူညီတဲ့ စတော်ဘယ်ရီပင်တွေ ဖြစ်ကြပေမယ့် သူတို့ရှင်သန်တဲ့ အခြေအနေကတော့ ကွာခြားပါတယ်။
ပထမ စတော်ဘယ်ရီပင်လေးရဲ့ ဘ၀က အလွန်ကို ရိုးရှင်းပါတယ်။ သူမဟာ ဥယျာဉ်တစ်ခုထဲမှာ တစ်ခြား သစ်သီးပင်၊ ဟင်းသီးဟင်းရွက်ပင်တွေနဲ့ အတူ ရှင်သန်ကြီးထွားလာပါတယ်။ တစ်နေ့မှာတော့ ဒီအပင်လေးဟာ လုံလောက်စွာ ကြီးပြင်းလာပီး သူမရဲ့အပင်က အသီးလေးတွေဟာ အနီရောင်တောက်တောက် အသီးလေးတွေအဖြစ် မှည့်ဝင်းလာပါတယ်။ လူစီလို့ ခေါ်တဲ့ ကောင်မလေးဟာ ဥယျာဉ်ထဲကို ခုန်ကျော်ဝင်ရောက်လာပီး သူမရဲ့ စကာအသေးလေးထဲမှာ စတော်ဘယ်ရီသီးတွေကို ခူးထည့်ပီး အိမ်ကိုယူသွားပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူမရဲ့ နေ့လည်စာ အဖြစ် ခရင်မ် အချို့နဲ့ ရောပီး အားပါးတရ စားပါတော့တယ်။ ပြီးနောက် အရသာရှိလိုက်တာ လို့ တစ်ယောက်တည်း စဉ်းစားနေပါတယ်။
သူမနေတဲ့ လမ်းရဲ့ အောက်ဘက်မှာတော့ ချာလီလို့ ခေါ်တဲ့ ကောင်လေး တစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ ကိုယ်ပိုင်ဥယျာဉ် မရှိပါဘူး။ ဒါပေမယ့် ဂျွန်လရဲ့ နေ့တစ်နေ့မှာတော့ သူဟာ ဆိုင်းဘုတ် တစ်ခုကို မြင်ခဲ့ပါတယ်။ ရေးထားတဲ့စာက ကိုယ်တိုင်ခူးပါ ဆိုပီးစာတမ်းကပ်ထားတဲ့ အနီးနား ယာခင်းက ဒုတိယ စတော်ဘယ်ရီသီးလေး နေထိုင်တဲ့ ဥယျာဉ်ဖြစ်ပါတယ်။ ဒါကြောင့် စနေနေ့မှာတော့ သူဟာ သူငယ်ချင်းတွေနဲ့ အတူ စက်ဘီးစီးပီး အဲ့ယာခင်းကို သွားရောက်ခဲ့ပါတယ်။ ပီးနောက် စတော်ဘယ်ရီးသီးများကို သူ့ရဲ့ သစ်သားခြင်းတောင်းငယ်လေးထဲမှာ ပြည့်လျှံတဲ့အထိ ခူးယူလာပါတယ်။ အိမ်ကိုရောက်တယ်ဆိုရင်ပဲ ခူးလာတဲ့ စတော်ဘယ်ရီသီးတွေဟာ စားလို့ ကုန်သွားပါပီ။

  တတိယတစ်ယောက်ကတော့  သူတို့လမ်းထဲက မစ်ရော်ဘင်ဆန် လို့ ခေါ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ စတော်ဘယ်ရီးသီးကို အင်မတန် ကြိုက်နှစ်သက်တဲ့အတွက် တစ်နှစ်လုံး စားပါတယ်။  အနီးအနားက ကုန်တိုက်ကို သူမဈေးဝယ်ထွက်တဲ့ အချိန်တိုင်း စတော်ဘယ်ရီးသီးကို ၀ယ်ပါတယ်။ ဒီနေ့မှာလည်း အရင်လိုပါပဲ။ သူမဟာ ကားပေါ်ကိုတက်ပီး ကုန်တိုက်ဆီသို့ မောင်းသွားပါတော့တယ်။ အခု တတိယမြောက် စတော်ဘယ်ရီသီးလေးကတော့ ပိုပီး ရှားပါးပါတယ်။ မစ်ရော်ဘင်ဆင်ဟာ အသီးတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းနဲ့ ဘယ်ကလာသလဲဆိုတာကို လိုက်ကြည့်ပါတယ်။ ဒါကတော့ မိုင်ပေါင်း ၉၅၈ မိုင်ကွာဝေးတဲ့ စပိန်နိုင်ငံက လာတာ။ စတော်ဘယ်ရီသီးတွေ အကုန်လုံးဟာ ပလတ်စတစ်ဗူးတွေထဲမှာ ထည့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အသီးတွေကို သယ်ဆောင်လာတဲ့ ခရီးတစ်လျှောက်မှာ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ရန် ဖြစ်ပါတယ်။
ကုန်တိုက်ကတော့ တကယ့်အကောင်းဆုံးအသီးတွေကိုပဲ ရောင်းချတာပါ။ သူတို့ဟာ စတော်ဘယ်ရီးကို အပင်ကနေ ခူးပီးတာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်ကို တင်ပီး ဗြိတိန်ကို အမြန်ဆုံး ပျံသန်းပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ တင်လာတဲ့အသီးတွေဟာ လေထုညစ်ငြမ်းမှုရဲ့ ဒဏ်ကိုလည်းခံရပါတယ်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် လို့ ခေါ်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေကြောင့် ဖြစ်ပါတယ်။ ဒီတစ်ခုတင်မဟုတ်ပါဘူး။ ယာခင်းကနေ လေဆိပ်ဆီကို ရောက်ဖို့ အသီးတွေဟာ ကြီးမားတဲ့ ထရပ်ကားကြီးနဲ့ လိုက်ပါရပါတယ်။ ပီးနောက် လေယာဉ်စီးပါတယ်။ လေယာဉ်ဆိုက်ရောက်တဲ့အခါမှာတော့ သူတို့ကို နောက်ထပ် ထရပ်ကားတစ်စီးနဲ့အတူ ကုန်လှောင်ရုံ ဆီသို့ သယ်ဆောင်သွားပါတယ်။ ဒီထရပ်ကားတွေဟာ အရမ်းကို အနံ့ဆိုးပီး ပတ်ဝန်းကျင်ကို ညစ်ငြမ်းစေပါတယ်။ ကုန်လှောင်ရုံကို ရောက်တဲ့အခါမှာတော့ သယ်ဆောင်လာတဲ့အသီးတွေထဲက အကောင်းဆုံး အသီးတွေကို ရွေးချယ်ပီး ပလတ်စတစ်ဗူးတွေထဲကို သေသေသပ်သပ် လှလှပပ ထည့်သွင်းပါတယ်။ ပီးတဲ့အခါမှာတော့ နောက်ဆုံးအဆင့်အနေနဲ့ လော်ရီကားတွေပေါ်ကို တင်ပီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကုန်တိုက်အသီးသီးကို ပို့ဆောင်ပါတယ်။ ဒါကြောင့် ဒီတတိယ စတော်ဘယ်ရီသီးလေးတွေဟာ ခရီးမိုင်ပေါင်းများစွာ ဖြစ်ကျော်လာရပါတယ်။
“အစားအသောက်မိုင်များ ဆိုတာက သူငယ်ချင်းစားမယ့်အစားအသောက်ဟာ သူငယ်ချင်းဆီကိုရောက်ဖို့ ဘယ်လောက်ဝေးဝေး ခရီးထွက်ခဲ့ရလဲ၊ သူဖြတ်ကျော်ခဲ့တဲ့ လမ်းခရီးက သူ့အပေါ်ကို ညစ်ငြမ်းမှုတွေ ဘယ်လောက်များများ သက်ရောက်စေခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ- လေယာဉ်ပျံတွေဟာ သင်္ဘောတွေထက်ကို ပိုပီး ညစ်ငြမ်းမှုဒဏ်ကို ခံရပါတယ်။”
စတော်ဘယ်ရီသီးလေးတွေဟာ ဈေးကွက်ဖြစ်တဲ့ ကုန်တိုက်တွေက သစ်သီးစင်ပေါ်ကို ရောက်တယ်ဆိုရင်ပဲ ၀ယ်သူတွေ လာကြပါတယ်။ အထူးသဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ လာရောက် ဈေးဝယ်ကြသူတွေ ဖြစ်ပါတယ်။ ၀ယ်သူတွေဟာ သစ်သီးလေးတွေ ဖြတ်ကျော်လာရ တဲ့ အံ့သြစရာကောင်းလှတဲ့ ခရီးရှည်ကြီး သို့ ညစ်ငြမ်းမှု ခရီးစဉ် ကိုလည်း စဉ်းစားတွေးခေါ်ခြင်းမရှိပဲနဲ့ ဆိုင်တွေဆီကို အလျင်အမြန် ရောက်လာကြပီး ၀ယ်သွားကြပါတယ်။ မစ်စ် ရော်ဘင်ဆန်လို လူမျိုးတွေအကုန်လုံး ဂရုစိုက်တာကတော့ သူတို့ ကြိုက်တဲ့အသီးကို တစ်နှစ်ပတ်လုံး စားနေရဖို့ သာ ဖြစ်ပါတယ်။
သူတို့ ဟာ ပြန်လည် ပြုပြင် အသုံးပြုလို့ မရတဲ့ ပလတ်စတစ်ဗူးတွေ အကြောင်းကိုလည်း အရေးမစိုက်ပါဘူး။ အမှိုက်ပုံးထဲသို့ အလွယ်တကူ လွှင့်ပစ်လိုက်ရုံပါပဲ။ တစ်ခြားတစ်ဘက်မှာတော့ လူစီနဲ့ ချာလီတို့ ဟာ စတော်ဘယ်ရီသီးကို နွေရာသီမှာပဲ ရရှိနိုင်တဲ့ အထူးစားသောက်ဖွယ်ရာတစ်ခု အနေနဲ့ ပျော်ရွှင်စွာ စားသုံးကြပါတယ်။ ဒီ့အပြင် သူတို့နေထိုင်တဲ့ နေရာ အနီးနားဝန်းကျင်ကနေ ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေပဲ ကိုယ်တိုင် ခူးစွတ် စားသုံးနိုင်ပါတယ်။
သူငယ်ချင်းသတိထားသင့်တဲ့ အကောင်းဆုံးအရာကတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သူတို့ရာသီချိန် ရောက်တဲ့အခါ၊ ခူးစွတ်ပီး စားသုံးနိုင်တဲ့ အသင့်အနေအထားမှာ ရောက်တဲ့အခါ တွေမျိုးမှာ ၀ယ်ပါ၊ ခူးစွတ်ပါ။ ဥပမာ- ဆောင်းရာသီမှာ စတော်ဘယ်ရီသီးကို စားဖို့ မရှာပါနှင့်။ ဆိုလိုတာက ကုန်တိုက်မှာရှိတဲ့ ဆောင်းရာသီ စတော်ဘယ်ရီသီးဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရာသီဥတု ပိုပူတဲ့ တိုင်းပြည်တစ်ခုကနေ ခရီးထွက်လာရခြင်း ဖြစ်တဲ့အတွက်ပါ။
THE YIPPITTEE! (FOR KIDS WHO ARE CRAZY ABOUT CONSERVATION!) ISSUE 2, DECEMBER 2009
FOOD GLORIOUS FOOD!
PUBLISHED BY YOUNG PEOPLE'S TRUSE FOR THE ENVIRONMENT...

No comments:

Post a Comment