Thursday, 9 September 2010
သံတိတ်ညည်းချင်း
သံတိတ်ညည်းချင်း
ရက်စက်မှုတွေက ငါဆီကို ဦးတည်လာတဲ့အခါ
ရှောင်ချိန်မရလိုက်ပါ။
ဂုဏ်မရှိ၊ငွေမပါ လူဗလာတစ်ယောက်မို့
ကြင်နာ လျက်နဲ့လမ်းခွဲ
စွန့်သွားပါတော့ အချစ်ရယ်
အနူးညံဆုံး နှလုံးသားမှာ
အမုန်းမပွားပဲ အပြုံးများနဲ့
ဝေးဝေးကပဲ ဆက်ချစ်နေမယ်..
ပြီးဆုံးခဲ့တာ မှန်ပေမယ့်
ထိရှလွယ်တဲ့ နှလုံးသားက
မေပစ်ဖို့ကို မစွမ်းနိုင်သေးဘူး
အချစ်ဆုံးသူ နှစ်ယောက်
အသဲတစ်ခြမ်းစီ မျှယူလို့
ကျန်တဲ့ သွေးတစက်နဲ့
အသက်ရှင် မိတဲ့ ငါ..
အရာရာ ရဲ့မီးတစ်စဖြစ်ခဲ့ရတယ်..။
ဒီလို..ဒီလိုနဲ့.........
ရှိရင်းစွဲ သံယောဇဉ်တွေ မတိမ်ကောနိုင်တဲ့ငါ
နောင်.သံသရာတလျှောက်မှာ..ဆုံတွေခဲ့ရင်
ဒီဘ၀လိုတော့..မဖြစ်ပါရစေနဲ့.............။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment