Saturday, 3 July 2010

ဘာသာပြန် အပိုင်း= တစ်

ဇန်န၀ါရီလ တစ်ရက်နေ့။

နှစ်သစ်ကို ကူးပြောင်းတဲ့ ပထမဦးဆုံးနေ့ ဖြစ်တဲ့ ဇန်န၀ါရီ တစ်ရက်နေ့ ဖြစ်ပါတယ်။ မာတီရာလေး ကျောင်းစတက်ရမယ့် နှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အင်မတန် စိတ်လှုပ်ရှားနေပါတယ်။
အခုမှ ကျောင်းစတက်ရမယ့် ကလေးတစ်ယောက် ဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးတိုင်း သူ့အမေက ပျော်ရွှင်စရာ ညလေး ဖြစ်ပါစေလို့ ဆန္ဒပြုပေးလေ့ ရှိပါတယ်။
ဒီညမှာလည်း အရင်လို အမေဟာ မာတီယာလေးရဲ့ ကုတင်စွန်းမှာ ၀င်ထိုင်လိုက်ပီးတော့ အရသာရှိပုံရတဲ့ ပန်းသီးလေး တစ်လုံးကို သူ့ခေါင်းအုံးပေါ်မှာ တင်ထားလိုက်ပါတယ်။ ပန်းသီးစားရင်းနဲ့ ပုံနားထောင်နိုင်ရန် ဖြစ်ပါသည်။ ပုံပြင်ပြီးဆုံးတဲ့အခါမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်မှာ အသစ်အဆန်းတွေ အများကြီးနဲ့ တွေ့ကြုံပါစေလို့ ဆုတောင်းပေးရင်း နဖူးလေးကို နမ်းလိုက်ပါတယ်။ အဲ့ဒီ့နောက်တော့ အခန်းမီးကို ပိတ်ပေးပီး ထွက်ခွာသွားပါတယ်။ အမှောင်ထု လွှမ်းခြုံသွားတဲ့ အခန်းထဲမှာ မာတီယာလေးဟာ လက်ထဲက စားလို့ကျန်တဲ့ ပန်းသီး အူတိုင်လေးကို ဘယ်ကိုလွှင့်ပစ်ရမလဲဆိုတာ စဉ်းစားနေပါတယ်။ အမှိုက်ပုံးကလည်း နီးနီးနားနားမှာ မရှိတဲ့အတွက်ကြောင့် ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ ညကလည်း မှောင်သထက်မှောင်လာပါတယ်။ နောက်ဆုံးမှာတော့ ဒီအူတိုင်ငယ်လေးကို သူ့ကုတင်အောက်မှာ ပစ်ထားလိုက်ပီး အိပ်ပျော်သွားပါတော့တယ်။

No comments:

Post a Comment