ဘယ်တုန်းကမှ
မရည်ရွယ်ခဲ့ဖူးဘူးဆိုတာသာ
ငါ့ သစ္စာ တရား
ငါ့ သစ္စာ စကားပါ။
ဤစကားသစ္စာ
တရားမေတ္တာ၊ စစ်မှန်ပါက၊
ငါ ချစ်တဲ့ မာနခဲလေး
ငါ့ ရင်ခွင်..သို့၊ အပြေးဝင်
ငါ့ နွေရင်ပြင်၊ နန်းတော်ဆောက်,
ငါ.. ဒူးထောက်ဖို့ အရောက်လာ..၊
ငါ့ အနာကို .. သူ, ဆေးလိမ်း
ငါ့ အဆူးကို .. သူ, နုတ်ဖယ်
ငါ့ အပူကို .. သူ, ငြှိမ်းပေးအပြီး၊
အတွေးထက်ထက်၊ သွေးစက်`လက်’ နဲ့
အနှစ်တစ်ထောင်မက
အချစ်..,
`တောင်’ပမာဏကဲ့သို့၊ (ထာဝရ)
ခိုင်မတ်မြင့်မားပါစေသတည်း။
ချစ်သူ၏, အထင်လွဲခြင်းဘေးမှ
ကင်းဝေးရပါစေသတည်း။
ချစ်သူနှင့် ကွေကွင်းခြင်းဘေးမှ
ကင်းဝေးရပါစေသတည်း။
“ဥုံ - ဖွ
လွဲစေ..ဖယ်စေ..ငြိမ်းစေသား”၊
တို့...,
သူစိမ်းတွေလား.........
{ မိုးတိမ်ဖြူ }
ဒါ မောင်လှမျိုးရဲ့ အသည်းကွဖြို့ တစ်မိနစ် အလိုကဗျာထဲက တပိုင်းပဲ...ကဗျာအပြည့်အစုံလေး လိုချင်လို့ပါခင်ဗျာ...တင်ပေးလို့၇မလား
ReplyDelete