13 February
Une Belle Histoire
လှပတဲ့ ရာဇ၀င်လေးတစ်ခု
တစ်ခါတုန်းက မြို့ကြီး တစ်ခုမှာ ဗာတယ်လ် လို့ ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့တယ်။ မြို့သူမြို့သားတွေက သူ့ကို မြို့တော်ဝန် အဖြစ်နဲ့ ရွေးကောက်ထားကြပါတယ်။ သူဟာ ရဲရင့် သတ္တိရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာက ဒီလို လူတွေ အပေါ်မှာလည်း ရက်စက်တတ်ပါတယ်။
တစ်နေ့မှာ သူ့မိန်းမက လှပချောမောတဲ့ အမြွှာကလေး နှစ်ယောက်ကို သူ့အတွက် မွေးဖွားပေးခဲ့တယ်။ မွေးပီးနောက်မှာတော့ ကလေးတွေအမေဟာ ဆုံးပါးသွားခဲ့တယ်။ ဒီကလေး နှစ်ယောက်ဟာ အကျင့်စာရိတ္တ၊ အမူအရာ အကုန်လုံးတူရုံမက မျက်နှာကလည်း တစ်ပုံစံတည်းပါပဲ။ အေမီလီ နဲ့ ရေရုံး လို့ ခေါ်ပါတယ်။ အမေက ဆုံးသွားပီ ဖြစ်တဲ့အတွက် ကလေးတွေဟာ စောင့်ရှောက်မယ့်သူ မရှိပဲ မြို့ဝန်ကလည်း အလုပ်များလို့ မစောင့်ရှောက်နိုင်ပါဘူး။ ဒါနဲ့ သူဟာ အိမ်ထောင်သစ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၄
မိထွေး
မြို့ဝန်ရဲ့ ဇနီးအသစ်လေး မဒမ် ဗာတယ်လ်ကလည်း သူဟာ ဒီကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့အတွက် အလုပ်တွေအရမ်းများပြီး သူ့ကိုယ်ပိုင်အချိန်တောင် မရှိတော့ဘူးလို့ ညည်းငြူပြောဆိုပါတယ်။ တစ်ခြားလူတွေကတော့ သူမဟာ လိုတာထက်ကို ပိုပြောနေတယ်ဆိုတာ သိပေမယ့် အပြင်မှာ မပြောရဲကြပါဘူး။ ကလေးတွေဘက်ကလည်း မိထွေးက သူတို့ အပေါ်မှာ မကြင်နာတဲ့အတွက် အင်မတန် ၀မ်းနည်း စိတ်ညစ်ကြရပါတယ်။ ဒါပေမယ့်လည်း သူတို့ အတွက်တော့ ဒီလို အဖြစ်မျိုးက ထုံးစံလိုဖြစ်နေပါတယ်။
၁၅ ဖေဖော်ဝါရီ
ကြီးမားတဲ့ ကံမကောင်းမှု။
အရွယ်ရောက်လာပီဖြစ်တဲ့ အေမီလီလေးဟာ သူမရဲ့ ဖူးစာဘက်ကို ရှာဖွေ တွေ့ရှိနေပါပီ။ မြို့ဝန်ကလည်း သူ့ရဲ့သမီးအတွက် ပျော်ရွှင် အံ့သြဖွယ်ကောင်းတဲ့ မင်္ဂလာပွဲကို စီစဉ်နေပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ပွဲမစခင် တစ်ရက်အလိုမှာ ကျိန်စာ တစ်ခု မြို့ပေါ်ကိုကျရောက်လာပါတယ်။ ဖြစ်ပုံက မိုးကောင်ကင်ကြီး တစ်ခုလုံးဟာ မဲမှောင်လာပီး မိုးသက်မုန်တိုင်း ကျရောက်လာပါတယ်။ မုန်တိုင်းက ပြင်းထန်တဲ့အတွက်ကြောင့် သစ်ပင်တွေ အကုန်လုံးဟာ လဲပြိုကုန်ပီး လေနဲ့ အတူ သစ်ပင်တွေဟာ လွင့်ပါကုန်ပါတယ်။ ပီးတဲ့အခါမှာတော့ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ကောင်းကင်မှာ ပေါ်လာခဲ့ပီး ကမ်းခြေနားက ကျောက်ဆောင်တွေကြားထဲကို ဘယ်ကမှန်းမသိတဲ့ မိန်းမအိုကြီး တစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။
9:04 PM ၁၆ ဖေဖော်ဝါရီ
ငတ်မွတ်မှု
ဒီမိန်းမအိုကြီးဟာ မှော်ဆရာတစ်ယောက်ဖြစ်နိုင်သလို နတ်ဆိုးတစ်ပါးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒါဟာ ငတ်မွတ်မှုလို့ အမည်ရှိတဲ့ နတ်ဆိုးဖြစ်တယ်ဆိုတာ သိလာခဲ့တယ်။ ဒီနတ်ဆိုးမကြီးဟာ ရွာထဲမှာ သိုလှောင်ထားတဲ့ ဂျုံ၊ သကြား၊ ပေါင်မုန့်၊ ရွှေချီမှုန့်၊ ကြက်ဥ၊ ဗိုလ်စားပဲ၊ ပဲတောင့်ရှည် နဲ့ သစ်သီးမျိုးစုံ အစရှိသည်တို့ ကို ညက်ညက်ကြေအောင် ၀ါးစားပစ်ပါတယ်။ ဘီယာနဲ့ဝိုင် အစရှိတယ့် သောက်စရာတွေကိုလည်း ကုန်အောင်သောက်ပစ်ပါတယ်။ ဒီလို ညတိုင်း သောက်စားပစ်တဲ့ အတွက်ကြောင့် ရက်အနည်းငယ်ကြာတဲ့အခါမှာ သူတို့ ရွာ တစ်ရွာလုံးဟာ အစာရေစာ ငတ်ပြတ်ပီး အငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။
၁၇ ဖေဖော်ဝါရီ
ငွေညှစ်ခြင်း။
ဒီလို တစ်ရွာလုံး ဒုက္ခရောက်ကြရတဲ့အတွက် မြို့ဝန်မင်းဟာ သူ့အသက်ကို အလေးမထားပဲ သက်စွန့်ဆံဖျား ကျောက်ဆောင်တွေကြားထဲကို သွားရောက်ပီး နတ်ဆိုးမကြီးကို တွေ့ဆုံခဲ့ပါတယ်။ သူတို့ မြို့ကို ဆက်လက်ပီး ဒုက္ခမပေးဖို့ တောင်းပန်ခဲ့တယ်။ သူတို့ ဘက်က ဘာတွေလုပ်ပေးရမလဲ ဆိုတာလဲ မေးမြန်းခဲ့တယ်။ နတ်ဆိုးကြီးက ငှက်ဆိုးထိုးသံလိုမျိုး လှောင်ပြောင် ရယ်မောပီးတော့ သူအလိုရှိတာကို တောင်းဆိုခဲ့တယ်။ မင်းရဲ့ကလေးတွေထဲက တစ်ယောက်ကို ပေးမယ်ဆိုရင် ငါ ဒီရွာကနေ ထွက်သွားမယ်လို့ ပြောခဲ့တယ်။ သမီးမိန်းကလေးဆိုရင် အခိုင်းအစေတစ်ယောက်လို ငါ့ကိုပြုစုရမယ်။ သားဆိုရင်တော့ လင်ယောင်္ကျားတစ်ယောက်လို ငါ့ကို ပြုစုရမယ် လို့ ပြောလိုက်ပါတယ်။ နတ်ဆိုးကြီး ပြောသမျှကို နားထောင်ပီးတော့ မြို့ဝန်မင်းဟာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တော့ မိထွေးက နားထောင်ပီးတဲ့အခါမှာ အေးဆေးစွာနဲ့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ မြို့ဝန်ရဲ့သမီး အေမီလီဟာ မကြာခင်မှာ လက်ထပ်တော့မှာ ဖြစ်တဲ့အတွက် နတ်ဆိုးကြီး ထည့်ပေးလိုက်လည်း ဘာမှမထူးပါဘူးလို့ ပြောပါတယ်။ နတ်ဆိုးမှာ သနားတတ်တဲ့စိတ် မရှိတဲ့အတွက် အေမီလီကို ထည့်ပေးသင့်ကြောင်း ပြောလိုက်ပါတယ်။ မစဉ်းစားပဲနဲ့ ပေးလိုက်ပါလို့ ပြောပါတယ်။
၁၈ ဖေဖော်ဝါရီ
ပထမဦးဆုံးည။
ရေရုန်းကတော့ အင်မတန် စိတ်ဆင်းရဲ နေပါတယ်။ သူ့ညီမလေးကို ဒုက္ခမရောက်စေချင်ပါဘူး။ ဒါကြောင့် ညီမလေးနဲ့ ရွာကို ကယ်တင်ရန် အတွက် သူပဲ နတ်ဆိုးမကြီးဆီ သွားနေရန် ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ကိုယ်ထဲမှာ အဖေမြို့ဝန်မင်းရဲ့ သွေးတွေ စီးဆင်းနေလို့ သူဟာလည်း ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံပါတယ်။ ဒီနတ်ဆိုးကြီးကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာလည်း စဉ်းစားရဦးမှာပါ။ ညရောက်တဲ့အခါမှာ ဘယ်တစ်ဦးတစ်ယောက်ကိုမှ မသိစေ မမြင်စေပဲ တိတ်တဆိတ် အိမ်က ထွက်ခွာလာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉
လှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးအိုကြီး။
ကျောက်ဆောင်တန်းတွေဘက်မှာ နေတဲ့ လှည့်စားတတ်တဲ့ မိန်းမအိုကြီးဆီကို ရောက်ရှိခဲ့ပါတယ်။ စူးရှရှ လေချွန်သံ တစ်ချက် ထွက်ပေါ်လာပီး မုန်တိုင်း စတင် တိုက်ခတ်လာပါတယ်။ ရေရုန်းဟာ ဘာကိုမှ စောင့်မနေတော့ပဲ မိန်းမအိုကြီးနဲ့ အတူ ကျောက်ဆောင်လမ်းကြားထဲအထိ ရောက်အောင် အဖေါ်လုပ်ပီး လိုက်သွားခဲ့ပါတယ်။ ပီးတော့မှ သူရောက်လာပီ ဖြစ်တဲ့အတွက် ကျန်တဲ့ မိသားစုဝင်တွေကို အန္တရာယ်မပြုရန် ကတိတောင်းခဲ့ပါတယ်။
No comments:
Post a Comment