Saturday, 3 July 2010

အပိုင်း = နှစ် (လူငယ်စိမ်းလေးရဲ့ အိပ်ရာဝင်ပုံပြင်ပေါင်း (၃၆၆) ပုံ ထဲမှ ဇာတ်လမ်း )

၂၀ ဖေဖော်ဝါရီ
ဒုတိယမြောက်ည။

ညီမ အေမီလီကလည်း သူ့အစ်ကိုလိုပဲ တစ်ရွာလုံးကို ကယ်တင်ချင်ပါတယ်။ နောက်တစ်ခုကတော့ ဘယ်ကလာမှန်းမသိတဲ့ နတ်ဆိုးအိုကြီးနဲ့ သူ့အစ်ကို လက်ထပ်ရမှာကို မလိုလားပါဘူး။ သူ့အစ်ကို အစား သူမကိုယ်တိုင်ပဲ အစေခံသွားလုပ်ချင်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ ညနေမှာ အိမ်ကနေ တိတ်တဆိတ် ထွက်ခွာလာခဲ့ပါတယ်။





၂၁ ဖေဖော်ဝါရီ
ပျောက်ဆုံးနေတဲ့ ကြိမ်ခြင်း။

ကျောက်ဆောင်တွေဆီကို ရောက်ရှိသွားချိန်မှာတော့ နတ်ဆိုးအိုကြီးက သူမရဲ့ကြိမ်ခြင်း ပျောက်ဆုံးနေတာကို ရှာဖွေနေပါတယ်။ တစ်ဖြည်းဖြည်းနဲ့ မိုးကလည်း ချုပ်လာပီး မုန်တိုင်းကလည်း တိုက်ခါနီး နေပါပီ။ ဒါနဲ့ အေမီလီဟာ ကြိမ်ခြင်းကို ကူပီး ရှာဖွေပေးလိုက်တာ နောက်ဆုံးမှာ တွေ့ရှိသွားပါတယ်။ ဒါနဲ့ သူမက အဖေနဲ့ မိထွေးတို့ ကို အန္တရာယ် မပြုဖို့ နတ်ဆိုးကြီးဆီမှာ တောင်းဆိုခဲ့ပါတယ်။ မောင်နှမ နှစ်ဦးစလုံးဟာ နတ်ဆိုးကြီးရဲ့ အကျဉ်းသားဖြစ်နေပါပီ။





၂၂ ဖေဖော်ဝါရီ
ဒုတိယမြောက်နေ့။

အဲ့ဒီ့ညမှာတော့ နတ်ဆိုးကြီးရောက်တဲ့အချိန်ကစလို့ ပထမဦးဆုံး အကြိမ်အဖြစ် အစားအသောက်တွေ မပျောက်ဆုံးခဲ့ပါဘူး။ ဂျုံစေ့ တစ်စေ့တောင်မှ မလျော့ခဲ့ပါဘူး။ အိမ်တိုင်းမှာလည်း အရင်လို ၀၀လင်လင် ချက်ပြုတ် စားသောက်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာက မြို့ဝန်ရဲ့ သားသမီး နှစ်ယောက်လုံးက အဖမ်းခံထားရပါတယ်။ ဒါနဲ့ သူဟာ သားသမီးတွေကို ကယ်တင်ရန် အလို့ငှာ နတ်ဆိုးကြီးဆီ လိုက်သွားခဲ့ပါတယ်။


၂၃ ဖေဖော်ဝါရီ
ကျောပေါ်က မိန်းမအိုကြီး။

ကျောက်ဆောင်တွေကြားကိုရောက်လျှင် မြို့ဝန်ဟာ တစ်နေရာရာကို သွားချင်လို့ တွားသွားပီး အပြင်ထွက်ဖို့ လုပ်နေတဲ့ မိန်းမအိုကြီးကို တွေ့ပါတယ်။ “ခင်ဗျား ဘယ်သွားမလို့တုန်း” လို့ မြို့ဝန်က မေးလိုက်ပါတယ်။ “ငါ မြို့ကိုသွားမလို့ပါ ကြင်နာတတ်တဲ့ မြို့ဝန်မင်းရေ” လို့  မိန်းမအိုကြီးက ပြန်ဖြေလိုက်ပါတယ်။ မြို့ဝန်ဟာ ချက်ခြင်းပဲ သူမကို သူ့နောက်ကျောပေါ်ကို တက်စေပြီး သူမသွားချင်တဲ့နေရာကို ထမ်းခေါ်သွားပါတယ်။ ထို့နောက် နတ်ဆိုးမကြီး ထံမှာ သူ့ဇနီး ဘေးကင်းစေဖို့ တောင်းဆိုပြီး ကျောက်ဆောင်ပေါ်က အကျဉ်းစခန်းကို တက်သွားခဲ့ပါတယ်။

၂၄ ဖေဖော်ဝါရီ
အမှာစကားသုံးခု။

ပထမနေ့မှာ နတ်ဆိုးမကြီးဟာ မြို့ဝန်သားဆီက အမှာစကားတစ်ခု၊ ဒုတိယနေ့မှာ သမီး အေမီလီဆီက အမှာစကားတစ်ခု၊ သုံးရက်မြောက်နေ့မှာတော့ မြို့ဝန်ဆီက နောက်ဆုံးအမှာစကား တို့ကို ရရှိခဲ့ပါတယ်။ အဆုံးသတ်မှာတော့ မြို့ဝန်ရဲ့မိန်းမဟာ အိမ်မှာရှိတဲ့ မိသားစုဝင်တွေရဲ့မေတ္တာတရားကို နားလည်သွားခဲ့တယ်။ သူမက အိမ်က မိသားစုတွေကို ဂရုမစိုက်ပေမယ့် အိမ်ရှိလူတွေက သူမဘေးအန္တရာယ် ကင်းစေရန်အတွက် စိတ်ပူပီး နတ်ဆိုးဆီကို သူတို့အသက်ကို အပ်နှင်းခဲ့တယ်။ ဒါကြောင့် သူတို့ဘ၀တွေဟာ သံယောဇဉ်ကြိုးတစ်ချောင်းတည်းနဲ့ ဆက်သွယ်ထားသလို ဖြစ်နေတာကြောင့် သူမဟာလည်း ကျောက်ဆောင်တွေဆီကို လိုက်သွားခဲ့ပါတယ်။

No comments:

Post a Comment