ဇန်န၀ါရီ နှစ်ရက်နေ့။
မိုးလင်းလို့ အိပ်ယာက နိုးလာပီးနောက်မှာတော့ ထူးဆန်းတဲ့ အသံလေးတစ်သံကို ကြားလိုက်ပါတယ်။ ဒီနေ့ဟာ “နှစ်သစ်တစ်ရက်နေ့လား” လို့ မေးလိုက်တဲ့ အသံလေးတစ်ခုက သူ့အိပ်ရာအောက်က ထွက်ပေါ်လာပါတယ်။ ရုတ်တရက်မို့ မာတီယာကို လန့်သွားစေပါတယ်။ ဒါပေမယ့် မနေ့က သူစားထားတဲ့ ပန်းသီးကို သတိရတာကြောင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။ ကျတော်က ဒီမှာပါလို့ အသံသေးသေးလေးတစ်ခုက ပြောလိုက်ပါတယ်။ ထို့နောက် ကျတော်က ပန်းသီးအူတိုင်ငယ်လေးပါ။ ကျတော်မနေ့က တစ်ညလုံး မအိပ်ရသေးပါဘူး။ အဲ့စကားသံတွေနဲ့အတူ သူဟာ မာတီယာလေးရဲ့ ကုတင်ပေါ်ကို ခုန်တက်လိုက်ပီး ခေါင်းပေါ်အထိရောက်အောင် စောင်ကို ဆွဲခြုံလိုက်ပါတယ်။ မာတီယာလေး ဘာမှမပြောခင်မှာပဲ ကောင်းသောညပါလို့ နှုတ်ဆက်ပီး ဟောက်သံတိုးတိုးလေးနဲ့အတူ အိပ်ပျော်သွားပါတယ်။
ဇန်န၀ါရီ သုံးရက်(ကတိတစ်ခု)။
မာတီယာလေးဟာ မွေးကတည်းက ဒီအချိန်ထိ တစ်ယောက်တည်း အထီးကျန် နေထိုင်လာခဲ့ရခြင်း ဖြစ်ပါတယ်။ ကစားဖော်ဆိုလို့ အစ်ကိုလည်းမရှိ၊ အစ်မလည်းမရှိ၊ နောက်ဆုံး ခွေးလေး ကြောင်လေး လိပ်ကလေးတောင်မှ မရှိပါဘူး။ မိဘနှစ်ဦးကလည်း အလုပ်များနေတာကြောင့် သူ့ကို အဖော်မပြုပေးနိုင်ပါဘူး။ ဒါကြောင့် သူဟာ အဖော်မဲ့ပြီး အင်မတန် ပျင်းရိ ငြီးငွေ့နေပါတယ်။ ခုတော့ ကစားဖော်အဖြစ် အူတိုင်ငယ်လေး ရောက်ရှိလာတဲ့အတွက် ၀မ်းသာနေပီး ဒီပန်းသီးအူတိုင်အမှိုက်လေးကို သူရောက်ရှိသင့်တဲ့ အမှိုက်ပုံးထဲကို ဘယ်တော့မှ လွှင့်မပစ်ပါဘူးလို့ ကတိပေးလိုက်ပါတယ်။ အူတိုင်ငယ်လေးနဲ့အတူ ကြီးမားတဲ့ စွန့်စားခန်းတွေ လုပ်ဖို့ လည်း မျှော်လင့်ထားပါတယ်။
ဇန်န၀ါရီ လေးရက်နေ့။
မာတီယာရဲ့အမေဟာ အင်မတန် သန့်ရှင်းပါတယ်။ အိမ်သန့်ရှင်းရေးအတွက် မနက်တိုင်း ဖုန်စုပ်ပါတယ်။ တနင်္ဂနွေတိုင်း ဖုန်သုတ်လေ့ရှိပီး လကုန်တဲ့အခါမှာတော့ ပြတင်းပေါက်မှန်တွေကို သန့်ရှင်းအောင် ဖုန်သုတ်လေ့ရှိပါတယ်။ ဒါကြောင့် သူမဟာ ဖုန်စုပ်စက်ကို မကြာ မကြာ အသုံးပြုပါတယ်။ ဒီနေ့မှာလည်း အရင်အတိုင်း မာတီယာ့ အခန်းထဲကို ၀င်ရောက်ပီး သန့်ရှင်းရေးလုပ်ပါတယ်။ ဖုန်စုပ်စက်ရဲ့ သဘောကတော့ လမ်းကြောင်းပေါ်မှာရှိတဲ့ အမှိုက်သရိုက် အားလုံးကို ၀ါးမြိုရှင်းလင်းပစ်လိုက်ပါတယ်။
မာတီယာလေး ငယ်တုန်းကလည်း ဒီအသံမြည်တဲ့ စက်ကြီးက သူ့ကိုစားပစ်လိုက်မှာ အရမ်းကြောက်လန့်ခဲ့ပါတယ်။ အခုတော့ ဒီစက်ကြီးဟာ အမှိုက်တွေ စာရွက်စာတမ်းတွေ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ ပိုနှစ်သက်ကြောင်း သိလာခဲ့ရပါတယ်။ မကြာသေးခင်က တိုက်ခန်းရဲ့သော့တွေတောင် စက်ထဲကို ပါသွားခဲ့ပါသေးတယ်။ မာတီယာမေ့နေတာ တစ်ခုက ပန်းသီးတွေကိုလည်း မြိုချပစ်နိုင်ပါတယ်။
No comments:
Post a Comment