ဇန်န၀ါရီ ၅ ရက်။
နှစ်သစ်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်။
အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲကျဆင်းနေပါတယ်။ အဖေက သတင်းစာဖတ်ချင် နေပေမယ့် သတင်းစာက ပျောက်ဆုံးနေပါတယ်။ အမေကတော့ လမ်းထွက်လျှောက်ချင်နေပေမယ့် အပြင်မှာ နှင်းထုက သိပ်သည်း လာပါတယ်။ နောက်ဆုံးမှာတော့ အဖေက တီဗီ ထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပီး အမေကတော့ နွေးထွေးတဲ့ အိမ်ထဲမှာပဲ အိမ်သန့်ရှင်းရေး လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမေဟာ အိမ်ရှင်မကောင်းပီပီ သားလေးရဲ့ အခန်းကို ရှင်းလင်းပေးရန် ဖုန်စုပ်စက်ကို ယူပီး ၀င်သွားပါတယ်။ ပီးနောက် အခန်းဝက စပြီး ဖုန်စုပ်ရင်း အခန်းထဲကို ၀င်လာတာပါတယ်။ ဒါကို မြင်တဲ့အခါမှာ မာတီယာဟာ အင်မတန် ထိတ်လန့်ပီး ထအော်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အူတိုင်ငယ်လေး စက်ထဲပါသွားမှာစိုးလို့ပါ။ ဒါနဲ့ အမေက အံ့အားသင့်စွာနဲ့ စက်ကို ရပ်လိုက်ပါတယ်။ မာတီယာလေးက ခပ်တည်တည်နဲ့ ကျတော် လူကြီးဖြစ်နေပီမို့ အခန်းသန့်ရှင်းရေးကို ကိုယ့်ဟာကိုယ် လုပ်ပါမယ် လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အူတိုင်ငယ်လေးဟာ ဖုန်စုပ်စက်ကြီးရဲ့ အန္ဒရာယ်ကနေ လွတ်မြောက်သွားပါတယ်။
ဇန်န၀ါရီ ၆ ရက်။
လေဟာပြင်။
ရာသီဥတု အေးလာပီ ဖြစ်တဲ့အတွက် အူတိုင်ငယ်လေးကို အပြင်ခေါ်သွားလို့ ရပါပီ။ မာတီယာလေးဟာ နွေးထွေးတဲ့ အ၀တ်အစားများကို ၀တ်ဆင်လိုက်ပါတယ်။ ၀က်ဝံလေးကလည်း လိုက်ချင်တာကြောင့် အူတိုင်ငယ်လေးက သူ့ဆွယ်တာကို တက်ဒီဝက်ဝံလေးကို ငှားလိုက်ပါတယ်။ မာတီယာလေးကတော့ အရမ်းအေးမှာကို စိုးရိမ်နေပါတယ်။ အူတိုင်ငယ်လေးက မင်း အအေးမိမှာစိုးလို့လားလို့ ၀က်ဝံလေးကို မေးလိုက်ပါတယ်။ ဒါနဲ့ ၀က်ဝံတွေ အအေးမိတယ်လို့ မင်းကြားဖူးလားလို့  ပြန်ပြောလိုက်ပါတယ်။ ဒါဆိုရင်လည်း ငါတို့နဲ့ လိုက်ခဲ့လို့ရတယ်လို့ မာတီယာက ဆုံးဖြတ်ပေးလိုက်ပါတယ်။ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ အပြင်က လေဟာပြင်ကျယ်ကြီးဟာ သူတို့ကို အေးစက်ခြင်းနဲ့ ကြိုဆိုလိုက်ပါတယ်။
သူတို့ သုံးဦးဟာ လေထက် ပိုမြန်အောင် ပျံသန်းသွားကြပါတယ်။ ပထမဦးဆုံး လေညွှန်တံ တပ်ဆင်ထားတဲ့ ဘုရားကျောင်း တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ လေက သူအသာစီးရအောင် အစွမ်းကုန်တိုက်ခတ်နေတဲ့အတွက်ြေ
8:56 PM
No comments:
Post a Comment