Friday, 16 July 2010

"အချစ်=အဆိပ်ပျားရည်"


ခင်မင်မှုနဲ့ စခဲ့ပေမယ့်
မဖြူစင်တဲ့ စိတ်မှာတော့
မင်းအတွက်
တိတ်တိတ်လေးကြိတ်ပြီး
မျှော်လင့်ချက် အများကြီးနဲ့
စိတ်ကူးအိပ်မက်တွေ ထားခဲ့သူပါ. . .။
ဒါတွေကို
မင်းသိအောင် မကြေငြာခင်မှာပဲ
ငါ့ရဲ့ မျှော်လင့်ချက်တွေကွဲအက်
အနာဂတ် အိပ်မက်တွေ
အထပ်ထပ် ပြိုလဲခဲ့ရတယ်. . .။
ဒါဟာ
ကံကြမ္မာရဲ့ လှည့်ကွက်တွေလား
ကြင်နာသူက ရက်စက်တာလားဆိုတာ
ရေရေရာရာ မသိပေမယ့်
သေချာတာက
အချစ်ဆိုတာ. . . .
ငါ့အတွက်တော့
ကြင်နာမလိုနဲ့ ရက်စက်
ချိုမြိန်မလိုနဲ့ ခါးသက်တဲ့
အဆိပ်ပျားရည်တစ်စက်ပါပဲ. . .။ ။

No comments:

Post a Comment