အိမ်မှာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ရတဲ့
အင်တာနက်မရှိပေမယ့်
နှလုံးသားချင်း ဆက်ထားတဲ့
မိသားစုဝင်တွေရဲ့
နွေးထွေးမှုရှိတယ်။
အိမ်ပြန်လာရင်
အမေရေလို့
အော်ခေါ်ပြီး နမ်းရမယ့်
အမေ့ပါးပြင်ရှိတယ်
ပြန်လာပြီလား
မိုးချုပ်တယ်လို့
ဆူမယ့် အဖေရှိတယ်
ခုလို ..
ခြောက်ကပ်ကပ် အခန်းက
ငါ့ကို မထိတ်လန့်စေဘူး။
အိမ်ကိုပြန်ဖို့
ကားကျပ်ကျပ် မစီးရပေမယ့်
အနားမှာ
ကာကွယ်ပေးမယ့်
ချစ်သူရှိတယ်
မော့ကြည့်ရင်
အားပေးမယ့် သူ့အပြုံးရှိတယ်
ခုလို..
အပြုံးတွေက ခြောက်ကပ်မနေဘူး…။
ညနေခင်းတွေမှာ
လှမ်းလျှောက်ရင်း..
လက်ဖက်ရည်ဆိုင် ထိုင်ရင်း..
ဘဝအမောတွေအတွက်
ရင်ဖွင့်စရာ….
တိုင်ပင်စရာ..
ငယ်ပေါင်းတွေ ရှိတယ်..
ငြင်းခုန် ပျော်ရွှင်ခဲ့ကြတယ်..
လေအေးပေးစက် အစွမ်းနဲ့
အေးစက်စက် ဖြစ်နေတဲ့
ကော်ဖီဆိုင်က
ကော်ဖီလို ခါးသက်သက် မဟုတ်ဘူး။
ဝမ်းနည်းစရာ ကြုံလာတဲ့အခါ
ငိုရမယ့် နွေးထွေးတဲ့
ချစ်သူရင်ခွင်ရှိတယ်..
အားပေးတဲ့
စကားသံတွေရှိတယ်
ဘာတုန့်ပြန်မှုမှ
မပေးနိုင်တဲ့
ခေါင်းအုံးတွေလို
တိတ်ဆိတ်မနေဘူး။
မွန်းကျပ်လာရင်
ထမင်းပွဲမှာ ဟင်းလုပြီး..
တီဗွီ ချာနယ်လုရင်း…
တီဗွီဂိမ်းလုရင်း.....
သုံးဘီးစက်ဘီလေးကိုလုစီးရင်း...
ရှာကျန် ရန်ဖြစ်
ပြန်ချော့တတ်တဲ့
ည်ီလေးနှစ်ယောက်ရှိတယ် ( ညီလေးတစ်ယောက်ကတော့ မရှိတော့ ပါဘူး ကောင်းရာသုဂတိလားပါစေ။ )
ကွန်ပျူတာကို
ငေးကြောင်ကြောင်ကြည့်ရင်း
စားရတဲ့ ခြောက်ကပ်ကပ်
ညနေစာ မဟုတ်ဘူး.။
အိမ်ပြန်ချင်တယ်....
အိမ်ပြန်ချင်တယ်..........
အိမ်ပြန်ချင်တယ်...........လို့ ငါအော်တိုင်း ပြန်ပေါ့လို့အရင်းနှီးဆုံးသူငယ်ချင်းတွေကပြောလာရင် နူတ့်ဆွံပြီးကျွန်တော် မျက်ရည်ဝဲနေမိတယ်
No comments:
Post a Comment