Saturday, 3 July 2010

ဇာတ်သိမ်းပိုင်း(လူငယ်စိမ်းလေးရဲ့ အိပ်ရာဝင်ပုံပြင်ပေါင်း (၃၆၆) ပုံ ထဲမှ ဇာတ်လမ်း )

၂၅ ဖေဖော်ဝါရီ
ရွာကလေးမှာ။
အဲ့နေ့ ညနေပိုင်းမှာတော့ ရွာထဲက မိသားစုဝင်အကုန်ဟာ တစ်နေရာတည်းမှာ စုဝေးကြပီး သူတို့ရဲ့ ထူးခြားမှုတွေကို ပြန်ပြောကြပါတယ်။
“မနေ့က သကြားတွေ စင်ပေါ်မှာ တင်ထားတာ ဒီမနက်အထိ နည်းနည်းလေးမှ မလျော့ပဲ ကျန်နေတယ် လို့ အံ့သြစွာ ပြောဆိုပါတယ်။ ကျန်တစ်ယောက်ကလည်း ၀ိုင်တစ်ခရား တင်ထားတာ နတ်ဆိုးမိန်းမကြီးက သောက်မသွားဘူးလို့ ပြောပါတယ်။ နောက်တစ်ယောက်ကတော့ ကိတ်မုန့်တွေ ဖုတ်ထားတာ တစ်ခုမှ စားမသွားလို့ ကလေးတွေ ဗိုက်ပြည့်အောင် စားလိုက်ရတယ်လို့ ပြောပါတယ်။”
ရွာမှာ ရှိတဲ့ လူအသီးသီးဟာ သူတို့အိမ်က အစားအသောက်တွေ မပျောက်ဆုံးတဲ့ အတွက်ကြောင့် ငတ်မွတ်မှုဒဏ်က လွတ်မြောက်သွားကြောင်း ၀မ်းသာအားရ ပြောဆိုကြပီး အသီးသီး အိမ်ပြန်ကြပါတယ်။ အန္တရာယ်က လွတ်ကင်းသွားတဲ့အတွက် အရမ်းကို ၀မ်းသာနေကြပါတယ်။
ဒါတွေကို နားထောင်ပီးနောက်မှာတော့ မြို့ဝန်ရဲ့ဇနီးဟာ နတ်ဆိုးမကြီး ရှိတဲ့ ကျောက်ဆောင်တွေဆီကို ဂူထဲရောက်တဲ့ အထိ လိုက်ရှာခဲ့ပါတယ်။


၂၆ ဖေဖော်ဝါရီ
ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပေါ်ရာ ကျောက်ဂူ။

ငတ်မွတ်မှုကို ဖြစ်ပေါ်စေတဲ့ နတ်ဆိုးကြီးဟာ မီးဖိုဘေးမှာ ထိုင်ရင်း အပြာရောင်သန်းနေတဲ့ မီးတောက်တွေကို ကြည့်ရင်း ပန်းသီးတစ်လုံးကို တစ်ကျွတ်ကျွတ်မြည်အောင် ၀ါးစားနေပါတယ်။ သူ့ရှေ့က မြေပြင်ပေါ်မှာတော့ မီးတောက်က အလင်းအရှိန်နဲ့ဖြစ်ပေါ်လာတဲ့ အတိုအရှည်မညီတဲ့ အရိပ်တွေဟာ ကခုန်နေကြပါတယ်။
ဒါပေမယ့် မိန်းမကြီးကတော့ ဒီအံ့သြစရာကောင်းတဲ့ အကပညာနဲ့ သူမစားနေတဲ့ ပန်းသီးကိုပဲ စိတ်ဝင်စားပါတယ်။ သူမနောက်က ကျောက်ဂူနံရံပေါ်မှာတော့ ဟောင်းလောင်းပေါက်ဖြစ်ပေါ်နေတဲ့ နှလုံးသားပုံကို ရေးဆွဲ ထားပါတယ်။ အဲ့ထဲမှာတော့ ဆာလောင်နေကြတဲ့ အကျဉ်းသားသုံးယောက်ရှိပါတယ်။ မြို့ဝန်နဲ့ သူ့ကလေး နှစ်ယောက်ပါ။


၂၇ ဖေဖော်ဝါရီ
တုန်ခါသွားတဲ့ ကျောက်ဆောင်ကြီး။

ပန်းသီးစားရင်း မီးပုံဘေးမှာ ထိုင်နေတဲ့ ထူးဆန်းတဲ့မိန်းမအိုကြီးကို ကြည့်ပီးတော့ မဒမ်ဗာတယ်လ် ဟာ အသံကုန် အော်ဟစ်လိုက်ပါတယ်။ ဒီအော်သံကြောင့် ဖြစ်ပေါ်လာတဲ့ မြည်ဟိန်းသံဟာ ကျောက်ဆောင်တွေကိုတောင် တုန်ခါသွားစေပါတယ်။ သုံးရက်အတွင်းမှာ သုံးကြိမ်တိုင်တိုင် တံခါးပိတ်ထားတဲ့ မိန်းမကြီးကို စိတ်ကျေနပ်တဲ့အထိ သံကုန် အော်လိုက်ခြင်းဖြစ်ပါတယ်။ မိန်းမအိုကြီးကတော့ သူမအော်သံကို နားထောင်ပီးနောက် ဘာမှမခံစားရတဲ့ လေသံနဲ့ “ဒီအကျဉ်းသား သုံးယောက်ထဲက မင်းအချစ်ဆုံး တစ်ယောက်ကို ငါလွတ်လပ်ခွင့် ပေးမယ်” လို့ပြောလိုက်ပါတယ်။

ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းပိုင်း။

မြို့ဝန်ရဲ့ ဇနီးဟာ ဒီစကားကိုကြားပီးနောက် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ မစဉ်းစားတတ်တော့ပါဘူး။ နတ်ဆိုးမကြီးရဲ့ ဂူထဲမှာလည်း ကလေးနှစ်ယောက်နဲ့ လင်ယောက်ျားကို မြင်နေရပါတယ်။ သူမရဲ့ စိတ်နှလုံးဟာလည်း စိတ်လှုပ်ရှားမှုနဲ့ တုန်ခါနေပါတယ်။ မိသားစု သုံးယောက်ထဲက ဘယ်တစ်ယောက်ကို ရွေးချယ်ရမှန်းလည်း မသိတော့ပါဘူး။ အဆုံးမှာတော့ ဒီသုံးယောက်ရဲ့ကိုယ်စား သူမပဲ အဖမ်းခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲ့လို အဖြေပေးလိုက်ပီးတဲ့ အခါမှာတော့ ကောင်းကင်တစ်ခုလုံးဟာ မဲမှောင်သွားပါတယ်။ ဂူထဲက ပြာလဲ့လဲ့ အလင်းရောင်မှုန်ပြပြလေးသာ ကျန်ပါတော့တယ်။ သူမရဲ့ မေတ္တာဓါတ်ကြောင့် ကျိန်စာသင့်နေတဲ့ ကျောက်ဆောင်ကြီးဟာ နှစ်ခြမ်းကွဲ သွားပီး မိသားစုတွေအကုန်လုံးဟာ လွတ်မြောက်လာပါတော့တယ်။
ဒါပေမယ့် အပြင်ဘက်မှာတော့ နတ်ဆိုးမကြီးကို မတွေ့တော့ပဲ သူမစားပီး ကျန်ခဲ့တဲ့ ပန်းသီးအူတိုင်လေး ကိုသာ တွေ့ရပါတော့တယ်။ တစ်မိသားစုလုံး ပျော်ရွှင်စွာနဲ့ အိမ်ကို ပြန်လာကြပါတယ်။

No comments:

Post a Comment